DVB Logo
Home
မြန်မာသတင်း
တီးတိန်မြို့ကို သိမ်းပိုက်ရန် ချင်းတော်လှန်ရေးတပ်ဖွဲ့များ ကြိုးပမ်းနေ
DVB
·
May 2, 2024
တီးတိန်မြို့ကို သိမ်းပိုက်ရန် ချင်းတော်လှန်ရေးတပ်ဖွဲ့များ ကြိုးပမ်းနေ
Donate to DVB

ချင်းပြည်နယ်အတွင်းမှာ အခြေချလှုပ်ရှားနေကြတဲ့ ချင်းတော်လှန်ရေးတပ်ဖွဲ့တွေအနေနဲ့ စစ်ကိုင်းတိုင်းနဲ့ ချင်းပြည်နယ်အစပ်မှာရှိနေတဲ့ တီးတိန်မြို့ကို စစ်ရေးအရထိန်းချုပ် သိမ်းပိုက် နိုင်ရေးအတွက် အပြိုင်ကြိုးစားဆောင်ရွက်နေ ကြပါတယ်။

ဒီနှစ်အစပိုင်းက တီးတိန်မြို့နယ်ထဲမှာရှိနေတဲ့ ရဲနဲ့စစ်တပ်ပေါင်းပြီးတပ်စွဲထားတဲ့ စစ်ကောင်စီ တပ်စခန်းတခုကို  ချင်းကာကွယ်ရေးတပ်ဖွဲ့တွေဘက်က သိမ်းပိုက်ခဲ့ပါတယ်။ လက်ရှိမှာတော့ တီးတိန်မြို့ကို အပြီးတိုင်ထိန်းချုပ်နိုင်ရေးအတွက် ချင်းအမျိုးသားတပ်ဦး (CNF) ဦးဆောင်တဲ့ ချင်းပူးပေါင်းကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ တပ်ဖွဲ့ဝင်အင်အား ၂၀၀ ကျော်ကလည်း မေ ၁ ရက်က တီးတိန်မြို့ရဲ့ ၁၅ မိုင်အကွာကို ရောက်ရှိပြီး တပ်စွဲထားပါတယ်။

ဒါ့အပြင်  ချင်းပြည်ချင်းလန်းကောင်စီမှာမပါဝင်သေးတဲ့ ချင်းညီနောင်အဖွဲ့တွေဘက်ကလည်း တီးတိန်မြို့ကို သိမ်းပိုက်နိုင်ရေးအတွက် လအတော်ကြာကတည်းက စစ်ရေးအရ ပြင်ဆင်ဆောင်ရွက်နေတာကြောင့် တီးတိန်မြို့ကို မသိမ်းပိုက်ခင်မှာ ချင်းတော်လှန်ရေး တပ်ဖွဲ့တွေကြား ပဋိပက္ခမဖြစ်ပေါ်ရေးအတွက် အရင်ညှိနှိုင်းနေကြတယ်လို့ မင်းတပ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ပြောခွင့်ရသူ ကိုယောမာန်က ပြောပါတယ်။

ဧပြီ ၁၇ ရက်နေ့ကတည်းက PDF Zoland က တီးတိန်မြို့ကို သိမ်းပိုက်ဖို့အတွက် ၉၀ ရာခိုင်နှုန်းလောက် ပြင်ဆင်ဆောင်ရွက်ပြီးဖြစ်တာကြောင့် CNF အနေနဲ့ တီးတိန်မြို့ပေါ်မှာ တိုက်ပွဲဖော်ဆောင်မယ်ဆိုရင် ပူးပေါင်းဆောင်ရွက်နိုင်ဖို့တွက် ကြိုတင်အသိပေးဖို့ထုတ် CNF စစ်ဦးစီးချုပ်ဆီကို အချက် ၅ ချက်ပါတဲ့ အသိပေးစာပေးပို့ခဲ့ပါတယ်။

လက်ရှိမှာတော့ ချင်းအမျိုးသားတပ်ဦးဘက်က တီးတိန်းမြို့ကို သိမ်းပိုက်ဖို့ အင်အားအ များအပြားနဲ့ တီးတိန်မြို့ပတ်ဝန်ကျင်ကို ရောက်ရှိလာတဲ့အတွက် နှစ်ဖက် ပဋိပက္ခတွေ မဖြစ်အောင် ညှိနှိုင်းနေတာလို့ ကိုယောမန်ကပြောပါတယ်။

ချင်းပြည်ချင်းလန်းကောင်စီမှာမပါဝင်သေးတဲ့ ချင်းညီနောင်အဖွဲ့တွေဘက်ကလည်း CNF အနေနဲ့ ဟားခါးနဲ့ ထန်တလန်ဘက်မှာသာ ဦးစားပေး မြို့သိမ်းတိုက်ပွဲတွေကို ဖော်ဆောင်သင့်ပြီး လိုအပ်ရင် ချင်းညီနောင်အဖွဲ့တွေက ပူးပေါင်းတိုက်ခိုက်ပေးမယ်လို့ ဧပြီ ၁ ရက်မှာ ကြေညာချက်ထုတ်ပြန်ပါတယ်။

CNF အနေနဲ့ ကိုယ်နယ်မြေမဟုတ်ဘဲ ချင်းညီနောင်အဖွဲ့တွေရဲ့ ထိန်းချုပ်နယ်မြေတွေမှာ စစ်ရေးဖော်ဆောင်မှုတွေကို ဆက်လက်ဆောင်ရွက်နေမယ်ဆိုရင် ချင်းညီနောင်အဖွဲ့တွေ ဘက်က ပူးပေါင်း တုံ့ပြန်တိုက်ခိုက်သွားမယ်လို့ ဆိုပါတယ်။

ဒီအခြေအနေနဲ့ ပတ်သက်ပြီး ချင်းအမျိုးသားတပ်ဦး (CNF) ဘက်ကို DVB သတင်းဌာနက ဆက်သွယ်မေးမြန်းနေပေမဲ့ သတင်းဖော်ပြတဲ့အချိန်ထိ ဆက်သွယ်လို့မရသေးပါဘူး။

အောင်သူ

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013