Home
မြန်မာသတင်း
ရခိုင်တွင် တိုက်ပွဲများကြောင့်  ၆ လအတွင်း လူပေါင်း ၁၆၆,၀၀၀ ခန့် ထွက်ပြေးတိမ်းရှောင် 
DVB
·
May 1, 2024
maxresdefault (1)

စစ်ကောင်စီတပ်တွေနဲ့ ရက္ခိုင့်တပ်တော် (AA) တို့အကြား ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာက စတင်ဖြစ်ပွားခဲ့တဲ့ တကျော့ပြန်တိုက်ပွဲတွေကြောင့် လူပေါင်း  ၁၆၆,၀၀၀ လောက် နေရပ်စွန့် ခွာထွက်ပြေးနေကြရတယ်လို့ ကုလသမဂ္ဂ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) က ထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ တပတ်တာအတွင်း အာရှနဲ့ ပစိဖိတ်ဒေသဆိုင်ရာ အပတ်စဉ် လူသားချင်းစာနာ မှုဆိုင်ရာအခြေအနေ အကျဉ်းချုပ်မှာ ခုလိုဖော်ပြလိုက်တာဖြစ်ပါတယ်။

မြန်မာနိုင်ငံအရှေ့ တောင်ပိုင်းမှာ စစ်ကောင်စီတပ်တွေနဲ့ ဒေသခံ တော်လှန်ရေးတပ်ဖွဲ့တွေကြား လက်နက်ကိုင်ပဋိပက္ခတွေဆက်လက်ဖြစ်ပွားနေရာမှာ အထူးသဖြင့် ကရင်ပြည်နယ်နဲ့ ရှမ်းပြည် နယ်တောင်ပိုင်းမှာ တိုက်ပွဲတွေပြင်းထန်ခဲ့တာကြောင့် အရပ်သားထိခိုက်သေဆုံးမှုတွေ ဖြစ်ပေါ်ခဲ့ပြီး အရပ်သားကာကွယ်စောင့်ရှောက်မှုဆိုင်ရာ စိုးရိမ်စရာတွေ ဆက်လက်မြင့် တက်နေတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ကရင်ပြည်နယ်မှာ ဘေးကင်းလုံခြုံရေးအခြေအနေတွေဟာ ရုပ်ချည်းပြောင်းလဲနေပြီး မြဝတီနဲ့ ကော့ကရိတ်မြို့နယ်တွေမှာဖြစ်ပွားနေတဲ့ တိုက်ပွဲအခြေအနေတွေကြောင့် အရပ်သားရွှေ့ပြောင်းသွားလာမှုတွေ ရှိနေပါတယ်။ 

နယ်စပ်ကုန်သွယ်ရေးအတွက် အရေးပါတဲ့ မြဝတီမြို့ဟာ ကရင်အမျိုးသားလွတ်မြောက် ရေးတပ်မတော် (KNLA) ရဲ့ ခေတ္တထိန်းချုပ်ရယူထားမှုကနေ ပြီးခဲ့တဲ့သီတင်းပတ်မှာတော့ စစ် ကောင်စီရဲ့ ထိန်းချုပ်ရယူမှုအောက်ကို ပြန်ရောက်ခဲ့ပြီး မြဝတီမြို့ပေါ်နဲ့ အနီးအနား ကျေးရွာတွေက လူ ၄,၀၀၀ လောက်ဟာ တိုက်ပွဲတွေပြန်ဖြစ်လာမလားဆိုတဲ့ စိုးရွံ့စိတ်တွေနဲ့ နေရပ်စွန့်ခွာနေကြရဆဲဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။ 

ဒါ့အပြင် ရှမ်းပြည်နယ်တောင်ပိုင်းက ဖယ်ခုံမြို့နယ်မှာတော့ တိုက်ပွဲတွေကြောင့် ဧပြီ ၂၀ ရက်ကနေ ၂၃ ရက်နေ့အတွင်း အရပ်သား ၅ ဦးသေဆုံးခဲ့တယ်လို့ ဒေသခံသတင်းအရင်း အမြစ်တွေနဲ့ မိတ်ဖက်အဖွဲ့အစည်းတွေက အစီရင်ခံထားပါတယ်။ 

လတ်တလောမှာတော့ မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းကာလဟာ ၃ နှစ်ကျော်အထိ ကြာမြင့်လာခဲ့ပြီဖြစ်ကာ နိုင်ငံတဝန်းမှာတော့ ပဋိပက္ခတွေ၊ တိုက်ပွဲတွေ ပြင်းထန်နေပါ တယ်။

source- ReliefWeb

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024