DVB Logo
Home
နိုင်ငံတကာ
အင်ဒိုနီးရှား မီးတောင်ပေါက်ကွဲမှုကြောင့် လူသောင်းချီ ဘေးကင်းရာရွှေ့၊ ဆူနာမီ သတိပေး
DVB
·
May 1, 2024
အင်ဒိုနီးရှား မီးတောင်ပေါက်ကွဲမှုကြောင့် လူသောင်းချီ ဘေးကင်းရာရွှေ့၊ ဆူနာမီ သတိပေး
Donate to DVB

အင်ဒိုနီးရှားနိုင်ငံက ရူးအန်းမီးတောင်ဟာ ဧပြီ ၃၀ ရက်က ပေါက်ကွဲခဲ့ပြီး ချော်ရည်တွေ မှုတ်ထုတ်ခဲ့လို့ မီးတောင်အူကြောင်းထိပ်ဝမှာ လျှပ်စီးကြောင်းတွေ ထွက်ပေါ်လာနေပါတယ်။

ဒါကြောင့် အာဏာပိုင်တွေက သတိပေးချက်အဆင့်ကို မြှင့်တင်ခဲ့ပြီး အနီးနားက ကျွန်းပေါ်မှာ နေထိုင်သူ ၁၂,၀၀၀ ကျော်ကို ဘေးလွတ်ရာဆီ ရွှေ့ပေးခဲ့ရပါတယ်။

သမုဒ္ဒရာထဲကို မီးတောင်က ချော်ရည်ချော်ခဲတွေပြိုကျလို့ ဆူနာမီရေလှိုင်းတွေ ဖြစ်လာနိုင်တယ်လို့ မီးတောင်နဲ့ ဘူမိဗေဒဆိုင်ရာ ဘေးအန္တရာယ်လျော့ပါးရေးဗဟိုဌာန (PVMBG) က တာဂူလန်ဒန်ကျွန်းပေါ်က နေထိုင်သူတွေကို သတိပေးထားပါတယ်။

အင်္ဂါနေ့ မနက်မှာထုတ်ပြန်ခဲ့တဲ့ သတိပေးချက်ကို မွန်းလွဲပိုင်းအထိ ဆက်ထားခဲ့ရတာပါ။ မနက်အစောပိုင်းမှာ မီးတောင်ပေါက်ကွဲပြီးတဲ့နောက် မီးတောင်နားမှာ နေထိုင်သူတွေအတွက် အေဂျင်စီကအမြင့်ဆုံးအဆင့်ထိ သတိပေးချက် မြှင့်တင်ခဲ့ပါတယ်။

ရူအန်းကျွန်းဟာ ပြန့်ကျဲနေတဲ့ အင်ဒိုနီးရှားကျွန်းစုရဲ့ မြောက်ဘက်အလယ်ပိုင်းဒေသထဲက မြောက်ဆူလာဝေစီပြည်နယ်ရဲ့ မြို့တော်မာနာဒိုကနေ ကီလိုမီတာ ၁၀၀ အကွာမှာ ရှိပါတယ်။

အင်ဒိုနီးရှားနိုင်ငံဟာ ကမ္ဘာ့ကျောက်လွှာချပ်ကြီးတွေ စုဆုံရာ ပစိဖိတ်မီးကွင်းကြီးလို့ ခေါ်တဲ့ မြေငလျင်လှုပ်ခတ်မှု မြင့်မားတဲ့ ဧရိယာထဲမှာ ရှိနေပါတယ်။

 Source/Photo-REUTERS/Chermanto Tjaombah

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013