DVB Logo
Home
နိုင်ငံတကာ
ယူကရိန်းကို ရုရှား ဒုံးကျည်ပစ်ခတ်မှုကြောင့် လူ ၄ ဦးသေဆုံး၊ ၂၈ ဦး ဒဏ်ရာရ
DVB
·
April 30, 2024
ယူကရိန်းကို ရုရှား ဒုံးကျည်ပစ်ခတ်မှုကြောင့် လူ ၄ ဦးသေဆုံး၊ ၂၈ ဦး ဒဏ်ရာရ
Donate to DVB

ယူကရိန်း ပင်လယ်နက်ဆိပ်ကမ်း အိုဒက်ဆာမှာ ဧပြီ ၂၉ ရက်က ရုရှားဒုံးကျည်တစင်း ပစ်ခတ်မှုကြောင့် လူ ၄ ဦး သေဆုံးပြီး ၂၈ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသဆိုင်ရာ တာဝန်ရှိသူတွေက ပြောပါတယ်။

ဒဏ်ရာရသူ ၄ ဦးဟာ ပြင်းထန်တဲ့ အခြေအနေမှာရှိပြီး အရေးပေါ်ကုသမှု ခံယူနေရကြောင်း ဒေသဆိုင်ရာ အုပ်ချုပ်ရေးမှူး အိုလေး ကီပါက တယ်လီဂရမ်ချန်နယ်မှာ ပြောကြားခဲ့ပါတယ်။

ဒဏ်ရာရရှိသူတွေထဲမှာ ကလေး ၂ ဦးနဲ့ ကိုယ်ဝန်ဆောင် အမျိုးသမီးတဦး ပါဝင်နေကြောင်းလည်း သူကဆိုပါတယ်။

အိုဒက်ဆာဟာ အထူးသဖြင့် ဆိပ်ကမ်း အခြေခံအဆောက်အအုံတွေထဲမှာ ရုရှားဒုံးကျည်နဲ့ ဒရုန်းတိုက်ခိုက်မှုတွေရဲ့ ပစ်မှတ်အဖြစ် မကြာခဏ တိုက်ခိုက်ခံရလေ့ ရှိပါတယ်။

မြောက်အတ္တလန္တိတ် စစ်ရေးမဟာမိတ်အဖွဲ့ (NATO) ရဲ့ အကြီးအကဲ ယန်းစ် စတော့တန်ဘာ့ဂ်က မကြာသေးမီက ယူကရိန်းအစိုးရ အတည်ပြုပြဋ္ဌာန်းခဲ့တဲ့ စစ်သည်စုဆောင်းရေး ဥပဒေကို ကြိုဆိုခဲ့ပါတယ်။

ယူကရိန်းကို NATO ရဲ့ အနာဂတ်အဖွဲ့ဝင်နိုင်ငံအဖြစ် ရှုမြင်တယ်လို့လည်း ယူကရိန်းလွှတ်တော်မှာ ဧပြီ ၂၉ ရက်က ပြောလိုက်ပါတယ်။

မကြာသေးမီက ယူကရိန်းဟာ လုပ်ငန်းစဉ် ပိုမိုထိရောက်စေရေးအတွက် အရပ်သားတွေကို လက်နက်ကိုင်တပ်ဖွဲ့တွေထဲ ရောက်လာအောင် ဘယ်လိုစည်းရုံးမလဲ ဆိုတာကို ပြန်ပြင်ဆင်တဲ့ ဥပဒေတရပ်ကို ချမှတ်ခဲ့ပါတယ်။

ဒီဥပဒေဟာ ရုရှားတပ်တွေ ချီတက်လာခဲ့ရင် ကြုံရမယ့် အဓိကစိန်ခေါ်မှု ဖြစ်လာမယ်လို့ စစ်ရေးလေ့လာသုံးသပ်သူတွေက ပြောပါတယ်။

ဥပဒေထဲမှာ အသက် ၁၈ နှစ်ကနေ ၆၀ နှစ်ကြား ယူကရိန်းအမျိုးသားတွေဟာ သူတို့ရဲ့ နောက်ဆုံးရ ကိုယ်ရေးကိုယ်တာ အချက်အလက်တွေကို စစ်အာဏာပိုင်တွေဆီမှာ မွမ်းမံဖြည့်စွက်ဖို့လိုပြီး ရုံးတွေက ဘယ်ဒေသမှာမဆို ခေါ်ယူခံရသူတွေကို ပိုလွယ်လွယ် တွေ့နိုင်မှာပါ။

ရုရှားနိုင်ငံကို တိုက်ခိုက်ရာမှာ ယူကရိန်းစစ်တပ်ကို ကူညီပေးမယ့် “နှစ်ရှည်ဘဏ္ဍာရေးကတိကဝတ်” ကို ဇူလိုင်လမှာကျင်းပမယ့် ဝါရှင်တန် ထိပ်သီးအစည်းအဝေးမှာ NATO အဖွဲ့ဝင်တွေက သဘောတူဖို့ မျှော်လင့်တယ်လို့လည်း စတော့တန်ဘာ့ဂ်က ပြောခဲ့ပါတယ်။

Source/Photo-REUTERS/Sergey Smolentsev

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013