DVB Logo
Home
မြန်မာသတင်း
မတ္တရာတွင် စစ်ကောင်စီက အင်အားသုံးနယ်မြေထိန်းချုပ်ရန် ကြိုးစားနေ
DVB
·
April 27, 2024
မတ္တရာတွင် စစ်ကောင်စီက အင်အားသုံးနယ်မြေထိန်းချုပ်ရန် ကြိုးစားနေ
Donate to DVB

ပြင်ဦးလွင်အနီးသရက်ကုန်းရွာကို PDF တွေ သိမ်းယူပြီးနောက်ပိုင်းမှာ မန္တလေး-စစ်ကိုင်းနယ်စပ် မတ္တရာမြို့နယ်မှာ စစ်ကောင်စီက အင်အားသုံးနယ်မြေထိန်းချုပ်ဖို့ ကြိုးစားနေပါတယ်။ 

စစ်တက္ကသိုလ်တွေအခြေစိုက်ရာ မန္တလေးတိုင်း ပြင်ဦးလွင်မြို့နယ် သရက်ကုန်းရွာ စစ်ကောင်စီ အခြေစိုက်စခန်းကို ပြည့်သူကာကွယ်ခရေးတပ်မတော်(မန္တလေး)က သိမ်းယူနိုင်ခဲ့ကြောင်း ဧပြီ ၂၇  ရက်နေ့မှာ NUG ကာကွယ်ရေးဝန်ကြီးဌာနက အတည်ပြုထုတ်ပြန်ခဲ့တာပါ။ 

သရက်ကုန်းရွာဟာ စစ်တက္ကသိုလ် DSA နဲ့ ၁၀ မိုင်အကွာမှာရှိတဲ့ကျေးရွာဖြစ်ပြီး ဧပြီ ၁၅ ရက်နေ့ကတည်းက PDF တွေက သိမ်းယူနိုင်ခဲ့ပေမဲ့ စစ်ရေးဆက်လက်တင်းမာနေတာကြောင့် သေချာအောင်စောင့်ပြီးမှ သတင်းထုတ်ပြန်ခဲ့တာလို့ ဆိုပါတယ်။

မတ္တရာ PDF အဖွဲ့မှ ဦးတိုးက “သတင်းထုတ်တာ နောက်ကျပြီး ထုတ်လိုက်တဲ့သဘောရှိတယ်၊ သရက်ကုန်းရွာသိမ်းပြီးတာ ၁၅ ရက်နေ့ကတည်းက။ ဧပြီလ ၁၅ ရက်နေ့ကတည်းက သရက်ကုန်းရွာတိုက်ပွဲဖြစ်တယ်၊ ၁၄ ရက်နေ့ညမှာ ရှော့တိုက်ဒုန်းနဲ့ DSA ကျောင်းကိုပစ်တယ်၊ မင်းအောင်လှိုင် သတင်းဖျောက်သွားတယ်။ ၁၅ ရက်နေ့မှာ သရက်ကုန်းရွာက ဘုန်းကြီးကျောင်းရယ်၊ ဘုရားရယ်၊ စာသင်ကျောင်းရယ်ပေါ့ အဲ့ဒီမှာတပ်စွဲထားတဲ့ စကစတွေကို မုန်တိုင်းအုပ်စုက တိုက်တယ်၊ စခန်းကုန်းရတယ်၊ ရန်သူအသေအပျောက်အလောင်းတွေလည်းရတယ်၊ လက်နက်တွေလည်း သိမ်းဆည်းရမိတာရှိတယ်၊ အဲ့ဒီဘက်ကို DSA ကျောင်းဘက်ကလည်း လက်နက်ကြီးနဲ့ပစ်တာရှိတယ်။ ပြီးတော့ ညောင်ကုန်းရွာလို့ခေါ်တဲ့ DSA ကျောင်းအလံတိုင်ရဲ့ အဖြောင့်တိုင်းလို့ရှိရင် ၆.၆၆ မိုင်အကွာအဝေးရှိတယ်၊ မိုးကုတ်နဲ့ ပြင်ဦးလွင်ဖြတ်လမ်းပေါ်မှာရှိတဲ့ ညောင်ကုန်းရွာ။ အဲ့ဒီညောင်ကုန်းရွာဘုန်းကြီးကျောင်းမှာ ထိုင်ထားတဲ့ စကစတွေကလည်းပဲ သရက်ကုန်းဘက်ကို လှည့်ပြီးတော့ ၈၁ မမ တို့၊ ၆၀ မမ တို့နဲ့ပစ်တာတွေလည်းရှိတယ်၊ နောက်ရက်တွေမှာတော့ ၂ ဖက်ထိတွေ့တိုက်ပွဲတော့မတွေ့ရဘူး၊ စစ်ရေးတင်းမာတယ်ဆိုတဲ့ အနေအထားတော့ ပြောလို့ရတယ်” လို့ ပြောပါတယ်။

အဲ့ဒီနောက်ပိုင်းမှာတော့ ပြင်ဦးလွင်မြို့နယ်နဲ့ စစ်ကိုင်းတိုင်းအကြားမှာတည်ရှိတဲ့ မတ္တရာမြို့နယ်မှာ စစ်ကောင်စီက အင်အားသုံးနယ်မြေထိန်းချုပ်ဖို့ ကြိုးစားနေပါတယ်။ 

စစ်ကိုင်း-မန္တလေးနယ်စပ်မှာ အားကောင်းနေတဲ့ PDF ပူးပေါင်းတပ်တွေရဲ့အရှိန်ကိုဗျူဟာအရ လျှော့ချနိုင်ဖို့ မတ္တရာမြို့နယ်ထဲမှာ စစ်ကောင်စီက စစ်ကြောင်းတွေဆက်တိုက်ထိုးပြီး ဖိအားပေးနေ တဲ့အခြေအနေဖြစ်ပါတယ်။ 

ဧပြီ ၂၄ ရက်နေ့ကစပြီး မတ္တရာမြို့ပေါ်ကနေ လက်နက်ကြီးနဲ့ပစ်ခတ်ပြီး လမ်းကြောင်းရှင်းတာ၊ လေကြောင်းပစ်ကူပေးတာတွေပြုလုပ်ခဲ့ပြီး နှစ်ဖက်ထိတွေ့မှုတွေလည်း ဆက်တိုက်ရှိခဲ့တယ်လို့ သိရပါတယ်။

မတ္တရာ PDF အဖွဲ့မှ ဦးတိုးက “၂၇ ရက်နေ့မနက် ၈ နာရီထိုးမှာ ဒီကောင်တွေက သတင်းလှည့်စားတယ်၊ မြောက်ဘက်ကိုအထွက်ပြတယ်၊ ပြီးတော့ တောင်ဘက်မှာရှိတဲ့ အေးကျွန်းရွာပေါ့။ သူတို့စက်လှေ ၅ စီးနဲ့သူတို့ အေးကျွန်းဘက်ကူးသွားတယ်၊ တခါ သူတို့ အေးကျွန်းဘက်ကနေ စိန်ပန်းကုန်းဘက်ကို ထပ်ခုန်တာပေါ့။ စိန်ပန်းကုန်းဆိုတာက မတ္တရာမြို့နယ်၊ ဧရာဝတီမြစ်အရှေ့ဘက်ကမ်း၊ မြစ်ကမ်းဘေးရွာပေါ့။ အဲ့ဒီကနေတောင်ဘက်ကိုချိုးတယ်၊ ရှင်လှကိုဝင်တယ်၊ အိမ်တလုံးမီးရှို့တယ်၊ နောက်တခါ ဇလကို ရောက်တယ်၊ အဲ့ဒီနားရွာလေးတွေကပ်နေတာ။ ဇလမှာ အိမ် ၂ လုံးမီးရှို့တယ်၊ ပြီးတော့ အဲ့ဒီတောင်ဘက်မှာရှိတဲ့ ဟင်္သာကုန်းရွာကို မီးရှို့လိုက်တာ ရွာလုံးကျွတ်နီးပါးလောင်တယ်လို့တော့ မျက်မြင်တွေက ပြောတာပဲ၊ ဘယ်နှလုံးပါတယ်ဆိုတာတော့ အတိအကျမသိရသေးဘူး။ အဲ့ဒီကနေပြီးတော့ သူတို့က ဆက်ယွန်းနေတယ်ဗျ အရှေ့ဘက်ကို၊ သူတို့မိုးကြိုးရွာကနေ စတင်ထွက်ပြီး လှုပ်ရှားတဲ့အချိန်က မနက် ၈ နာရီ၊ မနက် ၇ နာရီခွဲမှာ မတ္တရာမြို့ပေါ်ကနေပြီးတော့ ကား ၅ စီးထွက်လာတာရှိတယ်၊ ၈ နာရီ၊ ၈ နာရီခွဲလောက်မှာ တောပုရွာကိုရောက်တယ်။ မတ္တရာမြို့ပေါ်ကထွက်လာတဲ့ ကား ၅ စီး၊ နောက်ထပ်ဝင်လာတာ ၂ စီး၊ အားလုံးပေါင်း ၇ စီးဖြစ်တယ်။ အဲ့ဒီ ၇ စီးက တောပုကနေ ထိုင်စောင့်နေတယ်၊ ကားအလွတ်တွေလည်း ပါတယ်ပြောတယ်။ အဲ့ဒီက ကားအလွတ်တွေက အခု ဟင်္သာကုန်းကို မီးရှို့ပြီး ထွက်သွားတဲ့ ‌ေ-းကြောင်းကို စောင့်နေတာလို့ သုံးသပ်လို့ရတာပေါ့ဗျာ” လို့ ပြောပါတယ်။

စစ်ကောင်စီတပ်သားတွေဟာ ဧပြီ ၂၄ ရက်နေ့ကတည်းက ဧရာဝတီမြစ် မန္တလေး ဂေါဝိန်ဆိပ်ရေလမ်းကြောင်းကနေ မတ္တရာမြို့နယ်ထဲကို တပ်သားအင်အား ၂၀၀ ကျော်ဖြန့်ခဲ့ပြီး ရွာစဉ်လှည့် ပစ်ခတ်စစ်ကြောင်းထိုးခဲ့ပါတယ်။ 

လတ်တလောမှာ မတ္တရာနဲ့စစ်ကိုင်းမြို့နယ်အစပ်က ချောင်းမန်ကျီး၊ အုန်းသဇင်၊ ထိပ်စုကုန်း၊ ထုံးဘို၊ ကသဲတာ၊ ရွှေခဲပြာ၊ အိုက်တိုင်၊ မယ်ဇလီချောင်းစတဲ့ကျေးရွာတွေအပါအဝင် ကျေးရွာပေါင်း ၂၀ လောက်က ပြည်သူတွေဟာ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရပါတယ်။ 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013