DVB Logo
Home
မြန်မာသတင်း
IEC ယာဉ်လိုင်း ကားလက်မှတ်ဈေးနှုန်း လျှော့ချ
DVB
·
April 24, 2024
IEC ယာဉ်လိုင်း ကားလက်မှတ်ဈေးနှုန်း လျှော့ချ
Donate to DVB

ကရင်နီပြည်နယ် ကြားကာလအုပ်ချုပ်ရေးကောင်စီ IEC ရဲ့ ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှုနဲ့ ပို့ဆောင်ဆက်သွယ်ရေးဌာနက ပြေးဆွဲနေတဲ့ (ဒီးမောဆို-မော်ချီး-မယ်စဲ့-၉မိုင်) ယာဉ်လိုင်းကို သတ်မှတ်ဈေးနှုန်းကနေ လျှော့ချပြီး ​ကောက်ခံနေတယ်လို့ ယာဉ်လိုင်းနဲ့နီးစပ်သူတွေက ပြောပါတယ်။

တရား၀င် ထုတ်ပြန်ခြင်းတော့မပြုသေးဘဲ ပြီးခဲ့တဲ့တပတ်က ဈေးနှုန်းတွေ လျှော့ချလိုက်တာ မှန်ကန်ကြောင်းနဲ့ ယခင်ဈေးနှုန်းထက် ၁ သိန်းကျပ်ခန့် လျှော့ချလိုက်တာလို့ အမည်မဖော်လိုသူ ဒီးမော့ဆိုယာဉ်လိုင်းနဲ့ နီးစပ်သူတဦးက DVB ကို ပြောပါတယ်။

“အရင်ကတော့ ဒီးမော့ဆို-မယ်စဲ့ကို ၃၅၀,၀၀၀ ကျပ်ပါ၊ IEC အဖွဲ့၀င်တွေ ရဲဘော်တွေ ဆိုရင်တော့ (အဓိကက ဆေးကုဖို့ပါ) သက်ဆိုင်ရာအဖွဲ့တွေက ထောက်ခံချက်စာပါရင် ထက်ဝက်ဈေးနဲ့ ပေးသွားပါတယ်။ ဥပမာ ၃ သိန်းခွဲဆို ၁၇၅,၀၀၀ ခွဲပေါ့။ အခုကတော့ ပြီးခဲ့တဲ့ ကြာသပတေးနေ့ အပတ်ကစပြီး ဒီးမော့ဆို-မယ်စဲ့ ၂၀၀,၀၀၀၊ ဒီးမော့ဆို-မော်ချီး ၁၅၀,၀၀၀ ဆိုပြီး စလိုက်တာပါ၊ လူကြီးတွေတော့ မထုတ်ပြန်သေးဘူး။” 

ဒီးမော့ဆိုမှာ ခက်ခဲလာတာကြောင့် နေရပ် မယ်စဲ့မြို့ကို ပြန်ဖို့အတွက် လာရောက်ကားစီးတဲ့သူ တဦးက “အရင်ကတော့ တခါမှ လိုက်မစီးဖူးပါဘူး။ အခုက ပထမဆုံးပြန်မှာ။ ကားလက်မှတ် ဖြတ်တော့ ၁ ယောက်ကို ၂ သိန်း။ ကျမတို့က မိသားစုများတော့ ၈ သိန်းလောက် ဖြစ်သွားတယ်။ ဒီမှာ အဆင်မပြေတော့ အိမ်ပြန်ပြီးပဲ ရရာလုပ်စားမလို့ ပြန်မှာ။ စုထားဆောင်းထားတာတွေ ထုတ်ရောင်းပြီး ပြန်တာမို့ အခက်အခဲ အကြီးကြီးတော့မရှိဘူး” လို့ DVB ကိုပြောပါတယ်။

ယခင်က ဒီးမော့ဆို-မယ်စဲ့ ၃၅၀,၀၀၀ကျပ်၊ ဒီးမောဆို-မော်ချီး ၂၅၀,၀၀၀ကျပ် သတ်မှတ်ပြေးဆွဲခဲ့ရာမှာ ဒေသတွင်းက ဒေသခံတွေရဲ့​ ဝေန်မှုမြင့်တက်ခဲ့ပြီး အခုလို လျှော့ချတာတော့ အဆင်ပြေနိုင်ကြောင်း ဒေသခံတဦးက DVB ကို ပြောပါတယ်။

“အဲ့စျေးနဲ့ ဘယ်သူကလိုက်နိုင်မှာလဲ၊ မနက်ကျတော့ မမီမှာဆိုးလို့ အစောကြီး စောင့်ရတယ်။ တကယ်က အဲ့စျေးကို အဆင်မပြေတာက ကျမတို့စစ်ရှောင်တွေနဲ့ ပြည်သူပါပဲ။ အဲ့လိုင်းတွေကို လိုက်စီးနေတဲ့သူတွေက စျေးသွားရောင်းတဲ့သူတွေချည်းပဲဆိုတော့ သူဌေးတွေချည်းပဲ၊ အခုစျေးက တကယ်ဆိုရင်တော့ ၀မ်းသာစရာပဲ။” 

တပတ်ကို တနင်္လာနဲ့ကြာသပတေး ၂ ကြိမ်​၊ ၁ ကြိမ်ကို ၂ စီးပြေးဆွဲပြီး တနင်္လာလို ရက်မျိုးဆိုရင်တော့ ၂ ယောက်ကနေ ၅ ယောက်အထိရှိပြီး ကြာသပတေးနေ့တွေဆိုရင်တော့ ၅ ယောက်ကနေ ၁၀ ယောက်ကျော်အထိ ရှိတယ်လို့ ယာဉ်လိုင်းဘက်ကပြောပါတယ်။

ယခင်စျေးမှာ ကားစင်းလုံးစျေးကို သိန်း ၅,၀၀၀,၀၀၀ ကျပ် သတ်မှတ်ထားပြီး ယခုလျော့ချလိုက်တဲ့စျေးနှုန်းကိုတော့ ​အတည်မပြုနိုင်သေးပါဘူး။

IEC ကားလက်မှတ်စျေးနှုန်းလျော့ချတာနဲ့ ပတ်သက်ပြီး IEC ရဲ့ ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှုနဲ့ ပို့ဆောင်ဆက်သွယ်ရေးဌာနက ပြောရေးဆိုခွင့်ရှိသူတွေကို ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေကြားတာတော့ မရှိသေးပါဘူး။

IEC က ဒီးမော့ဆို -မော်ချီး- မယ်စဲ့ ယာဥ်လိုင်းကို စတင်ပြေးဆွဲနေပြီဖြစ်ကြောင်း ဖေဖော်ဝါရီ ၁၆ ရက်နေ့မှာ သတင်းထုတ်ပြန်ခဲ့တာပါ။ IEC သယ်ယူပို့ဆောင်ရေးဌာနခွဲ  ညွှန်ကြားရေးမှူးအဖြစ် သံချောင်း၊ ဒုတိယညွှန်ကြားရေးမှူးအဖြစ် တိမ်တိုက်နဲ့အတူ ဦးစီးမှူးအဖြစ် ရန်ပြုံးတို့က တာ၀န်ယူထားကြပြီး IEC ရဲ့ ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှုနှင့် ပို့ဆောင်ဆက်သွယ်ရေးဌာနကို ဖေဖော်၀ါရီလ ဒုတိယအပတ်ထဲမှာ ဖွဲ့စည်းခဲ့ပြီး ဝန်ကြီးချုပ်ဟောင်း အယ်ဖောင်းရှိုက ဌာနမှူးကြီးအဖြစ် တာ၀န်ယူထားတာပါ။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013