DVB Logo
Home
မြန်မာသတင်း
စည်းကြပ်မှုမှ လွတ်ကင်းနေသည့် ၀င်ငွေခွန်ကောက်ခံနှုန်း စစ်ကောင်စီ လျှော့ချသတ်မှတ်
DVB
·
June 18, 2021
စည်းကြပ်မှုမှ လွတ်ကင်းနေသည့် ၀င်ငွေခွန်ကောက်ခံနှုန်း စစ်ကောင်စီ လျှော့ချသတ်မှတ်
Donate to DVB

စစ်ကောင်စီက ၂၀၂၀ ပြည့်နှစ် ပြည်ထောင်စုအခွန်အကောက်ဥပဒေကို ပြန်လည် ပြင်ဆင်တဲ့ ဥပဒေ ထုတ်ပြန်ပြီး စည်းကြပ်မှုက လွတ်ကင်းနေတဲ့ ၀င်ငွေတွေအပေါ် အခွန်ကောက်ခံတဲ့နှုန်းထားတွေကို လျှော့ချ သတ်မှတ်လိုက်ပါတယ်။

အခွန်နှုန်းထားအသစ်တွေကတော့ ကျပ်သိန်း ၁၀၀၀ အထိကို ၃ ရာခိုင်နှုန်း၊ ကျပ်သိန်း ၁၀၀၀ အထက်ကနေ ကျပ်သိန်း ၃၀၀၀ အထိကို ၅ ရာခိုင်နှုန်း၊ ကျပ်သိန်း ၃၀၀၀ အထက် ကနေ ကျပ်သိန်း ၁၀၀၀၀ အထိကို  ၁၀ ရာခိုင်နှုန်း၊ ကျပ်သိန်း၁၀၀၀၀ အထက်ကနေ ကနေ ကျပ်သိန်း ၃၀၀၀၀ အထိ ၁၅ရာခိုင်နှုန်းနဲ့ ကျပ်သိန်း ၃၀၀၀၀ နဲ့အထက်ကို  ၃၀ ရာခိုင်နှုန်း ဖြစ်ပါတယ်။

ကိုဗစ်-၁၉ ကြောင့် နှောင့်နှေးနေတဲ့  စီးပွားရေးလုပ်ငန်းတွေနဲ့ ရင်းနှီးမြှုပ်နှံမှုတွေ ပြန်လည်တိုး တက်မှုရှိလာစေရေး အားပေးမြှင့်တင်ဖို့ အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ - ၄၁၉ အရ ဒီဥပဒေကို ပြင်ဆင်ပြဋ္ဌာန်းလိုက်တယ်လို့ စစ်ကောင်စီက ထုတ်ပြန်ပါတယ်။

စစ်ကောင်စီ ထုတ်ပြန်ထားချက်အရ  ဒီသတ်မှတ်နှုန်းထား အသစ်တွေက ဇူလိုင် ၁ ရက်နေ့ စတင်အသက်ဝင်မှာဖြစ်ပြီး စက်တင်ဘာ ၃၀ ရက်အထိ အကျိုးသက်ရောက်မှာ ဖြစ်ပါတယ်။ 

အရင်အရပ်သားအစိုးရလက်ထက်က ပြဋ္ဌာန်းခဲ့တဲ့၂၀၂၀ ပြည့်နှစ် ပြည်ထောင်စု အခွန်အကောက် ဥပဒေမှာ ကျပ်သိန်းတစ်ထောင်အောက်ဖြစ်ပါက အခွန် ၆ ရာခိုင်နှုန်း၊ ကျပ်သိန်း တစ်ထောင်အထက်ကနေ ကျပ်သိန်း သုံးထောင်အထိကို ၁၀ ရာခိုင်နှုန်း၊ ကျပ်သိန်း သုံးထောင်ကနေ ကျပ်သိန်း သုံးသောင်းအထိကို ၂၀ ရာခိုင်နှုန်း၊ ကျပ်သိန်း သုံးသောင်း နဲ့ အထက်ဖြစ်ပါက ၃၀ ရာခိုင်နှုန်း ပေးဆောင်ရမယ်လို့ သတ်မှတ်ခဲ့ပါတယ်။

စစ်ကောင်စီရဲ့အခွန်လျှော့ချမှုက အခြေ ပစ္စည်းတစ်ရပ်ရပ်ကို ၀ယ်ယူတာ၊ တည်ဆောက်တာ၊ ရယူတာ၊ လုပ်ငန်းအသစ် တည်ထောင်တာ၊ ထပ်မံတိုးချဲတာတို့အတွက် အသုံးပြုတဲ့ ငွေကြေးတွေအပေါ် အကျိုးခံစားခွင့်ရရှိမှာ ဖြစ်ပါတယ်။

ဒါပေမဲ့ဒီအခွန်စည်းကြပ်မှုက တရားမ၀င်ရရှိတဲ့ပစ္စည်းတွေ ပိုင်ဆိုင်ခြင်း၊ ရောင်း၀ယ်ခြင်းတို့က ရရှိတဲ့၀င်ငွေတွေနဲ့ ငွေကြေးခဝါချမှု တိုက်ဖျက်ရေးဥပဒေအရ  အရေးယူတဲ့ ကိစ္စရပ်တွေနဲ့ သက်ဆိုင်မှာ မဟုတ်ကြောင်း၂၀၂၀ ပြည့်နှစ် ပြည်ထောင်စုအခွန်အကောက် ဥပဒေမှာ ဖော်ပြထား ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013