DVB Logo
Home
နိုင်ငံတကာ
တရားမဝင် ရွှေ့ပြောင်းနေထိုင်သူများကို ရဝမ်ဒါသို့ပို့မည့်ဥပဒေ ဗြိတိန်အတည်ပြု
DVB
·
April 23, 2024
တရားမဝင် ရွှေ့ပြောင်းနေထိုင်သူများကို ရဝမ်ဒါသို့ပို့မည့်ဥပဒေ ဗြိတိန်အတည်ပြု
Donate to DVB

ဗြိတိန်မှာ တရားမဝင် ရွှေ့ပြောင်းအခြေချဖို့ ကြိုးစားတဲ့သူတွေကို ရဝမ်ဒါနိုင်ငံကိုပို့မယ့် ဥပဒေကြမ်းကို ဗြိတိန်အထက်လွှတ်တော်က ဧပြီ ၂၂ ရက်မှာ အတည်ပြုပေးလိုက်ပါတယ်။

လွှတ်တော်နှစ်ရပ်စလုံးရဲ့ အတည်ပြုချက် ရပြီဖြစ်တဲ့အတွက် လာမယ့် သီတင်း ၁၀ ပတ်ကနေ ၁၂ ပတ်အတွင်း ပထမဆုံးအသုတ် ပို့ဆောင်သွားမယ်လို့ ဝန်ကြီးချုပ် ရီရှီဆူးနတ်ခ်က ကြေညာလိုက်ပါတယ်။

အစိုးရဟာ စင်းလုံးငှားလေယာဉ်တွေ ငှားထားပြီးဖြစ်သလို ရွှေ့ပြောင်းတွေကို သယ်ပို့ဖို့ ဝန်ထမ်းတွေကိုလည်း လေ့ကျင့်ထားပြီးဖြစ်တယ်လို့ ဆူးနတ်ခ်က ပြောပါတယ်။

ဝန်ကြီးချုပ်ဆူးနတ်ခ်က “တကယ်လို့တွေ၊ ဒါပေမဲ့တွေ မရှိပါဘူး။ ရဝမ်ဒါကို လေကြောင်းခရီးစဉ်တွေနဲ့ပို့မှာ ဖြစ်ပါတယ်” လို့ သတင်းစာရှင်းလင်းပွဲမှာ ပြော ပါတယ်။

အာဖရိက၊ အရှေ့အလယ်ပိုင်းနဲ့ အာရှက စစ်ပွဲနဲ့ ဆင်းရဲမွဲတေမှုဘေးက ထွက်ပြေးလာကြတဲ့ သောင်းနဲ့ချီတဲ့ တရားမဝင် ရွှေ့ပြောင်းတွေထဲမှာ လူကုန်ကူးသမားတွေ အစီအစဉ်နဲ့ အင်္ဂလိပ်ရေလက်ကြားကို လှေနဲ့ကူးပြီး ဗြိတိန်ကို ခိုးဝင်လာကြတာ အများစုဖြစ်ပါတယ်။

ဒီဥပဒေကြမ်းမှာ ထပ်တိုးအာမခံချက်တွေ ထည့်မပေးရင် အတည်ပြုမပေးဘူးလို့ အထက်လွှတ်တော်က တင်းခံနေခဲ့တာကြောင့် အတည်ပြုရေးဟာ ၅ လနီးပါး နှောင့်နှေးခဲ့ရတာ ဖြစ်ပါတယ်။

ပြင်ဆင်ချက်တွေပါတဲ့ ဥပဒေကြမ်းဟာ လူထု တိုက်ရိုက်တင်မြှောက်တဲ့ အမတ်တွေနဲ့ ဖွဲ့စည်းထားတဲ့ အောက်လွှတ်တော်ကို ပြန်ရောက်လာခဲ့ပါတယ်။ ဒါပေမဲ့ အထက်လွှတ်တော်က ပြင်ထားသမျှကို အောက်လွှတ်တော်က ပယ်ချခဲ့ပါတယ်။

အဲဒီနောက် အထက်လွှတ်တော်ကို တဖန်ပြန်ပို့ရာမှာတော့ အထက်လွှတ်တော်က ထပ်ကန့်ကွက်မနေတော့ဘဲ အောက်လွှတ်တော်မူအတိုင်း အတည်ပြုပေးလိုက်ရတာ ဖြစ်ပါတယ်။

အကယ်၍ လွှတ်တော်နှစ်ရပ် သဘောမတူရင်လည်း လူထုက တိုက်ရိုက်ရွေးတဲ့ အောက်လွှတ်တော်ရဲ့ ဆုံးဖြတ်ချက်က လွှမ်းမိုးမှာဖြစ်ပါတယ်။

Source/Photo-Reuters

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013