DVB Logo
Home
နိုင်ငံတကာ
အစ္စရေးအမြောက်ဆန်ကြောင့် ဂါဇာရှိ ဖန်ပြွန်သန္ဓေသားလောင်း ၄၀၀၀ ကျော် ဆုံးရှုံး
DVB
·
April 18, 2024
အစ္စရေးအမြောက်ဆန်ကြောင့် ဂါဇာရှိ ဖန်ပြွန်သန္ဓေသားလောင်း ၄၀၀၀ ကျော် ဆုံးရှုံး
Donate to DVB

ပြီးခဲ့တဲ့ ဒီဇင်ဘာလအတွင်းက ဂါဇာကမ်းမြောင်မှာရှိတဲ့ အကြီးဆုံး မျိုးဆက်ပွားဆေးခန်းတခုကို အစ္စရေးအမြောက်ဆန် ထိမှန်ခဲ့တာကြောင့်  ဖန်ပြွန်သန္ဓေသား ၄၀၀၀ နဲ့ ကျားသုက်ပိုးနဲ့ ‘မ’မျိုးဥ ၁၀၀၀ ကျော် ပျက်စီးခဲ့ရတယ်လို့ ဧပြီ ၁၈ ရက် ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။ 

ပေါက်ကွဲမှုကြောင့် သန္ဓေသားလောင်း အခန်းထောင့်မှာရှိတဲ့ နိုက်ထရိုဂျင်အရည်ကန် ငါးလုံး ပေါက်ကွဲသွားတဲ့အတွက် ကန်ထဲက အပူချိန်တက်လာပြီး အခုလို ပျက်စီးကုန်တာလို့ ဆိုပါတယ်။

ဂါဇာက အယ်လ်ဘက်စ်မာ အိုင်ဗီအက်ဖ်စင်တာဟာ ကလေးမရနိုင်တဲ့ ပါလက်စတိုင်းစုံတွဲတွေရဲ့ နောက်ဆုံး မျှော်လင့်ချက် ဖြစ်ပါတယ်။

အဲဒီဆေးခန်းကို ၁၉၉၇ ကတည်းက ထူထောင်ခဲ့တဲ့ အသက် ၇၃ နှစ်အရွယ် သားဖွားမီးယပ်နဲ့ မျိုးဆက်ပွား အထူးကုဆရာဝန်ကြီး ဘာဟယ်လ်ဒင် ဂါလာယာနီက “ဒီအသက်ပေါင်း ၅၀၀၀ ၊ ဒါမှမဟုတ် အသက်ဖြစ်လာနိုင်တဲ့ ၅၀၀၀ ဟာ မိဘတွေအတွက်တော့ နောင်မှာပဲဖြစ်ဖြစ်၊ အရင်ကဖြစ်ဖြစ် ဘယ်လောက် အရေးပါသလဲဆိုတာ ကျနော်တို့ ကောင်းကောင်းသိထားပါတယ်” လို့   ပြောပါတယ်။ 

ဒီသန္ဓေသားလောင်းတွေရဲ့ မိဘလောင်း ထက်ဝက်လောက်ဟာ သုက်ပိုး ဒါမှမဟုတ် ‘မ’မျိုးဥ ထပ်မထုတ်နိုင်တော့တဲ့သူတွေ၊ ကိုယ်ဝန်ဆောင်စရာ တခြားနည်းမရှိတော့တဲ့သူတွေလို့  ဆရာဝန်ကြီးက ဆိုပါတယ်။ 

ဒီကိစ္စနဲ့ပတ်သက်လို့ အစ္စရေးစစ်တပ်ကို ရိုက်တာ မေးမြန်းခဲ့ရာမှာတော့ သတင်းတွေ စိစစ်နေတယ်လို့ပဲ တုံ့ပြန်ပါတယ်။

အရပ်သားအဆောက်အအုံတွေကို ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထား တိုက်ခိုက်တာမရှိဘဲ ဆေးဘက်ဆိုင်ရာ အဆောက်အအုံတွေကို ဟားမတ်စ်တွေက အသုံးချနေတယ်လို့ပဲ အစ္စရေးဘက်က ထုတ်ပြန်ပါတယ်။

Source/Photo - REUTERS/Dawoud Abu Alkas

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013