DVB Logo
Home
မြန်မာသတင်း
အင်းစိန်ထောင်မှ အမျိုးသမီး နိုင်ငံရေးအကျဉ်းသူ  ၂၀ ကျော် ပြန်လွတ်
DVB
·
April 17, 2024
အင်းစိန်ထောင်မှ အမျိုးသမီး နိုင်ငံရေးအကျဉ်းသူ  ၂၀ ကျော် ပြန်လွတ်
1 / 7
Donate to DVB

ဧပြီ ၁၇ ရက် မြန်မာနှစ်ဆန်း ၁ ရက်နေ့မှာ စစ်ကောင်စီက အင်းစိန်အကျဉ်းထောင်ကနေ အကျဉ်းသား ၉၀၀ ကျော်ကို ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပေးခဲ့တာမှာ အမျိုးသမီးနိုင်ငံရေးအကျဉ်းသူ  ၂၀ ကျော် ပြန်လည်လွတ်မြောက်လာတယ်လို့ ပြန်လွတ်လာသူတွေထံက သိရပါတယ်။

ဒီနေ့ မွန်းတည့် ၁၂ နာရီကစပြီး ရန်ကုန်အင်းစိန် အကျဥ်းထောင်ကနေ အကျဉ်းသား ၉၀၀ ကျော် ပြန်လွှတ်ပေးခဲ့တာမှာ  နိုင်ငံရေးပုဒ်မဖြစ်တဲ့ ၅၀၅ (က) တွေတချို့ပါဝင်သလို  လက်နက်ကိုင်ဆောင်မှု၊ အချိန်မတော်လမ်းလျှောက်မှု၊ ခိုးမှုစတဲ့အမှုတွေနဲ့ ပြန်လွတ်လာသူတွေ လည်းပါဝင်ပါတယ်။ 

မြန်မာနှစ်သစ် မင်္ဂလာအခါသမယအထိမ်းအမှတ်အားဖြင့်လည်းကောင်း၊ ပြည်သူလူထု နှလုံးစိတ်ဝမ်း အေးချမ်းစေရေးနဲ့ လူမှုရေးအရငဲ့ညှာထောက်ထားသောအားဖြင့်လည်းကောင်း မြန်မာနိုင်ငံတဝန်း အကျဉ်းထောင်တွေအသီးသီးမှာ  အကျဉ်းကျခံနေရတဲ့  အကျဉ်းသား၊ အကျဉ်းသူ စုစုပေါင်း  ၃၃၀၃ ယောက်ကို ပြစ်ဒဏ် လွတ်ငြိမ်းခွင့်ပေးလိုက်ကြောင်း  စစ်ကောင်စီက ဒီနေ့ထုတ်ပြန်ထားပါတယ်။ 

ပဲခူးတိုင်း သာယာဝတီ၊ ပြည်၊ သရက်နဲ့ ပေါင်းတည် အကျဉ်းထောင် ၄ ထောင်ကနေ နိုင်ငံရေးအကျဉ်းသား ၁၂ ဦး လွတ်မြောက်လာတယ်လို့ အကျဉ်းသား အသိုက်အဝန်းကနေ သိရပါတယ်။

NLDအစိုးရလက်ထက် ကချင်ပြည်နယ် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့တဲ့  ဦးဇော်ဝင်း၊ လူမှုရေးဝန်ကြီး ဦးနေဝင်းနဲ့ KBC ဥက္ကဋ္ဌ ဟောင်း ဒေါက်တာခလမ်ဆမ်ဆွန်တို့လည်း လွတ်ငြိမ်းခွင့်နဲ့ ဒီနေ့ ပြန်လွတ်လာပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013