DVB Logo
Home
နိုင်ငံတကာ
ဂါဇာ အပစ်ရပ်ရေး ဟားမတ်စ်က အတားအဆီးဖြစ်နေဟု အမေရိကန် ပြော
DVB
·
April 16, 2024
ဂါဇာ အပစ်ရပ်ရေး ဟားမတ်စ်က အတားအဆီးဖြစ်နေဟု အမေရိကန် ပြော
Donate to DVB

ဂါဇာကမ်းမြောင်ဒေသမှာ တိုက်ပွဲတွေကို ခေတ္တရပ်ဆိုင်းပြီး ဓားစာခံတွေကို လွှတ်ပေးဖို့ သဘောတူညီချက် တခုအတွက် ဟားမတ်စ်က အတားအဆီးဖြစ်နေပြီး အစ္စရေးကတော့ သိသာထင်ရှားတဲ့ နည်းလမ်းနဲ့ လှုပ်ရှားလုပ်ဆောင်ခဲ့ကြောင်း အမေရိကန်နိုင်ငံခြားရေးဌာန ပြောရေးဆိုခွင့်ရှိသူ မက်သယူးမစ်လာက ဧပြီ ၁၅ ရက်မှာ ပြောပါတယ်။

ပြီးခဲ့တဲ့အပတ်က အမေရိကန်နဲ့ အီဂျစ်၊ ကာတာနဲ့ အစ္စရေးကနေ ဟားမတ်စ်ဆီကို မယုံနိုင်လောက်အောင် သိသာထင်ရှားတဲ့ အဆိုပြုချက်တခုကို ပေးပို့ခဲ့ပြီးတော့ အစ္စရေးဘက်က အဲဒီအဆိုပြုချက်ကို တင်ပြရာမှာ သိသာထင်ရှားတဲ့ နည်းလမ်းတခုကို လှုံ့ဆော်ခဲ့တယ်။

မက်သယူးမစ်လာက “ဟားမတ်စ်မှာလည်း သူလိုချင်တဲ့ အောင်မြင်မှုများစွာကို ရရှိစေမယ့် သဘောတူညီချက် တခု ရှိနေပါတယ်။ ဒါပေမဲ့ အဲဒီသဘောတူညီချက်ကို သူတို့မလုပ်ခဲ့ဘူး”လို့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

ဟားမတ်စ်အနေနဲ့ ဒီသဘောတူညီချက်ကို လက်ခံဖို့ လိုအပ်ပြီး အခုတော့ ဘာကြောင့် ဒီသဘောတူညီချက်ကို မလုပ်ဆောင်ချင်ရတာလဲ ဆိုတာကို ကမ္ဘာနဲ့ ပါလက်စတိုင်းပြည်သူတွေကို ရှင်းပြဖို့ လိုနေပြီလို့လည်း မစ်လာက ပြောပါတယ်။

ဟားမတ်စ်ဟာ သဘောတူညီချက်အတွက် နောက်ဆုံး အဆိုပြုချက်ကို ပယ်ချခဲ့ပြီး ဓားစာခံ သဘောတူညီချက် အသစ်ဟာ ဂါဇာစစ်ပွဲကို အဆုံးသတ်ခိုင်းပြီး အစ္စရေး တပ်ဖွဲ့တွေအားလုံး ဆုတ်ခွာပေးရမှာဖြစ်ကြောင်း ပြောကြားထားပါတယ်။

အမေရိကန်ဟာ ဂါဇာကမ်းမြောင်မှာ အနည်းဆုံး ၆ ပတ်ကြာ အပစ်အခတ်ရပ်စဲရေးအတွက် ကြိုတင်ကြိုးပမ်းမှုတွေ လုပ်ဆောင်နေပြီး အဲဒါဟာ ကျန်နေသေးတဲ့ ဓားစာခံတွေအားလုံးကို လွှတ်ပေးပြီး ပိုမိုတည်တံ့တဲ့ ငြိမ်းချမ်းရေးလမ်းစကို ဖန်တီးပေးဖို့ဖြစ်ကြောင်းနဲ့ ဂါဇာကမ်းမြောင်ကို အကူအညီတွေ ထပ်မံခွင့်ပြုမယ့် သဘောတူညီချက်ကိုလည်း ဆက်လက်လုပ်ဆောင်နေဆဲဖြ စ်ကြောင်း မစ်လာက ပြောကြားခဲ့ပါတယ်။

Source/Photo-REUTERS/Amir Cohen

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013