DVB Logo
Home
နိုင်ငံတကာ
အလုပ်အကိုင်ဖန်တီးပေးမည်ဟု အိန္ဒိယဝန်ကြီးချုပ် ရွေးကောက်ပွဲမဲဆွယ် ကတိပြု
DVB
·
April 15, 2024
အလုပ်အကိုင်ဖန်တီးပေးမည်ဟု အိန္ဒိယဝန်ကြီးချုပ် ရွေးကောက်ပွဲမဲဆွယ် ကတိပြု
Donate to DVB

အိန္ဒိယဝန်ကြီးချုပ် နရင်ဒြာမိုဒီရဲ့ ဘာရတ်တီယာ ဂျန်နာတာပါတီ (BJP) က သူတို့သာ ရွေးကောက်ပွဲနိုင်ခဲ့ရင် အလုပ်အကိုင်တွေ ဖန်တီးပေးရေး၊ အခြေခံအဆောက်အအုံတွေ တိုးမြှင့်တည်ဆောက်ရေးနဲ့ လူမှုဖူလုံရေး အစီအစဉ်တွေ တိုးမြှင့်လုပ်ဆောင်ရေး အာရုံစိုက်သွားမယ်လို့ ဧပြီ ၁၄ ရက်က ကတိပေးခဲ့ပါတယ်။

လာမယ့်သီတင်းပတ် ရွေးကောက်ပွဲတွေမတိုင်မီ အဓိကမဲဆန္ဒရှင်တွေရဲ့ စိုးရိမ်ပူပန်ချက်တွေကို ဖြေရှင်းဖို့ ကြိုးပမ်းမယ်လို့လည်း ဆိုပါတယ်။

ဧပြီ ၁၉ ရက်မှာ စတင်မယ့် အထွေထွေရွေးကောက်ပွဲကို ဇွန် ၁ ရက်အထိ အဆင့် ၇ ဆင့်နဲ့ ကျင်းပမှာပါ။

မဲတွေကို ဇွန် ၄ ရက်မှာ ရေတွက်မှာဖြစ်ပြီး ရလဒ်တွေကို အဲဒီနေ့မှာပဲ ထုတ်ပြန်ဖို့ မျှော်လင့်ထားပါတယ်။

မြို့တော် နယူးဒေလီက ပါတီဌာနချုပ်မှာ မိုဒီရဲ့ အာမခံချက်လို့ နာမည်ပေးထားတဲ့ BJP ပါတီရဲ့ ကြေညာချက်ကို ထုတ်ပြန်ချိန်မှာ ပါတီက အိန္ဒိယနိုင်ငံရဲ့ “ပင်မမဏ္ဍိုင် ၄ ခု” အားကောင်းစေဖို့ အာရုံစိုက်ထားတယ်လို့ မိုဒီက ပြောခဲ့ပါတယ်။

အသက် ၇၃ နှစ်အရွယ် မိုဒီဟာ ရှားရှားပါးပါး တတိယသက်တမ်းအတွက် အာဏာပြန်ရဖို့ ကျယ်ကျယ်ပြန့်ပြန့် မျှော်လင့်ထားကြပါတယ်။

ဒါပေမဲ့ ကမ္ဘာ့လူဦးရေအများဆုံးနိုင်ငံမှာ နိုင်ငံစီးပွားရေး အားကောင်းနေပေမဲ့ စစ်တမ်းတွေအရ အလုပ်လက်မဲ့ဖြစ်မှု၊ ငွေကြေးဖောင်းပွမှုနဲ့ ကျေးလက်ဆင်းရဲမှုတို့လို စိုးရိမ်စရာ ပြဿနာတွေ ရှိနေပါတယ်။

Source/Photo-Reuters

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013