DVB Logo
Home
မြန်မာသတင်း
မြင်းခြံတွင် ယာယီစခန်းတိုက်ခိုက်ခံရပြီး စစ်သား ၃ ဦး သေ၊ ဓားစာခံ ၂ ဦးကိုကယ်ထုတ်နိုင်
DVB
·
April 14, 2024
မြင်းခြံတွင် ယာယီစခန်းတိုက်ခိုက်ခံရပြီး စစ်သား ၃ ဦး သေ၊ ဓားစာခံ ၂ ဦးကိုကယ်ထုတ်နိုင်
Donate to DVB

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်မှာ ယာယီစခန်းချတပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်ခဲ့လို့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ယောက် သေဆုံးပြီး ဓားစာခံပြည်သူ ၂ ယောက်ကို ကယ်ထုတ်နိုင်ခဲ့တယ်လို့  Myingyan Black Tiger -MBT အဖွဲ့က ဧပြီ ၁၄ ရက် ဒီနေ့မှာ ထုတ်ပြန်ပါတယ်။

မြင်းခြံမြို့နယ်၊ တောပုရွာနဲ့ ရွာရှည်ရွာအကြား ဘုန်းကြီးကျောင်းမှာ အထိုင်ချထားတဲ့ စစ်ကောင်စီ တပ်ဖွဲ့ဝင်အင်အား ၃၀ ကျော်ကို  ဧပြီ ၁၀ ရက်နေ့က ဝင်ရောက်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

အဲဒီစစ်ကောင်စီတပ်တွေ ဧပြီ ၆ ရက်နေ့ မြင်းခြံမြို့နယ်ကို စစ်ကြောင်းထိုးဝင်ရောက်တည်းက ဖမ်းဆီးထားတဲ့ တောပုကျေးရွာက ဓားစာခံပြည်သူ ၂ ယောက်ကိုလည်း ကယ်တင်ခဲ့ပြီး မိသားစုဆီ ပြန်လည်အပ်နှံခဲ့တယ်လို့ သိရပါတယ်။

Myingyan Black Tiger-MBT က ဗိုလ်မိုက်ခဲက “စကစနဲ့ ပျူစောထီး အင်အား ၃၀ ပါစစ်ကြောင်းကို ဝင်ရောက်တိုက်ခိုက်ခဲ့တာပေါ့။ သူတို့ဘက်က ထွက်ပြေးတော့ ဓားစာခံပြည်သူ ၂ ယောက်ကို ကယ်တင်ခဲ့ပါတယ်။ စကစရဲ့ ၆၀ မမ အဝေးပစ်ပို့ယမ်း ၅ ထုပ် သိမ်းဆည်းရမိခဲ့တယ်။ သူတို့ဘက်က သေဆုံးမှုကို ပစ်ပြီးတဲ့နေ့ကတည်းက စုံစမ်းနေတာပေါ့။ ၁၃ ရက်နေ့ ညနေကမှ တယောက်က ပေါင်ကိုထိပြီး ကျန်တဲ့ ၃ ယောက်က ကျသွားတယ်ဆိုတာသိရတာ။ ဓားစာခံ ၂ ယောက်ကိုတော့ ကယ်ပြီးပြီးချင်း မိသားစုတွေဆီ ဆက်သွယ်ပြီး ပြန်ပို့ခဲ့ပါတယ်” လို့ ပြောပါတယ်။

တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၄ ယောက် ဒဏ်ရာရရှိခဲ့ပြီး အဲဒီထဲက ၃ ယောက်က ဧပြီ ၁၃ ရက်နေ့မှာ သေဆုံးခဲ့တယ်လို့ သိရပါတယ်။

မြင်းခြံမြို့နယ်ထဲကို ဧပြီ ၆ ရက်နေ့ကတည်းက စစ်ကြောင်းထိုးဝင်ရောက်နေတဲ့ စစ်ကောင်စီတပ်တွေဟာ အရပ်သား ၄ ယောက်ကို သတ်ဖြတ်ခဲ့ပြီး တောပုရွာနဲ့ ရသာရွာက လူနေအိမ် ၆၀၀ ကျော်ကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့လည်း သိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013