DVB Logo
Home
မြန်မာသတင်း
ပင်းတယ လက်ဖက်ခင်းများ မိုးသီးကြောင့် ပျက်စီး
DVB
·
April 13, 2024
ပင်းတယ လက်ဖက်ခင်းများ မိုးသီးကြောင့် ပျက်စီး
Donate to DVB

ရှမ်းပြည်နယ်တောင်ပိုင်း ပင်းတယမြို့နယ်မှာ မိုးရွာသွန်းပြီး မိုးသီးအများအပြား ကြွေကျတဲ့အတွက် လက်ဖက်ပင်တွေ ပျက်စီးခဲ့ရတယ်လို့ ပင်းတယဒေသခံတွေဆီက သိရပါတယ်။

ဧပြီ ၁၂ ရက်နေ့ ညနေ ၃ နာရီခွဲအချိန်မှာ ပင်းတယမြို့နယ်အနှံ့ မိုးရွာသွန်းပြီး မဲနယ်တောင်နဲ့ တောင်ပေါ်ကြီး တဝိုက်မှာတော့ မိုးသီးအများအပြား ကြွေကျခဲ့တာလို့ သိရပါတယ်။

မိုးသီးကြောင့် ပင်းတယမြို့နယ်မှာ လက်ဖက်အများဆုံးစိုက်ပျိုးတဲ့ ပင်းတယ-ရွာငံလမ်း တောင်ပေါ်ကြီးရွာ တောင်ပေါ်က ရွှေဖီမိုးလွတ် ခူးဆွတ်တဲ့ လက်ဖက်စိုက်ခင်းအားလုံးနီးပါး ပျက်စီးသွားခဲ့တယ်လို့ သိရပါတယ်။

ပင်းတယက လက်ဖက်စိုက်တောင်သူတယောက်က “တောင်ပေါ်က ရွှေဖီမိုးလွတ်ခူးတဲ့ လက်ဖက်ခင်းအားလုံး ပျက်စီးသွားတာပေါ့နော်။ ဒေတာနဲ့တော့ မပြောတတ်ဘူးပေါ့။ တရွာလုံးဆိုတော့။ မိုးလုံးဝမထိတဲ့အချိန် ထွက်တဲ့ လက်ဖက်ခြောက်ကတော့ ကွာလတီအကောင်းဆုံးပေါ့နော်။ အခု မိုးထိသွားတော့ အပင်မှာအရွက်တွေ အကုန်ကုန်သွားတယ်။ ခူးစရာ မရှိတော့ဘူး။ မိုးသီးတွေ အရည်ပျော်သွားရင်တော့ အရွက်က အများကြီးပြန်ထွက်လာမှာ ဒါပေမယ့် အဲဒီအရွက်က စျေးမရတော့ဘူး” လို့ ပြောပါတယ်။

ရွှေဖီမိုးလွတ်လက်ဖက်ကို တန်ခူးလဆန်းကနေစတင်ပြီး မိုးမရွာခင်ကာလအထိ ခူးဆွတ်ကြတာ ဖြစ်ပါတယ်။

လက်ဖက်ကို ရှမ်းပြည်နယ်တောင်ပိုင်း ပင်လောင်း၊ ပင်းတယ၊ ရွာငံမြို့နယ်တို့နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ဆန်မြို့နယ်တို့မှာ အများဆုံးစိုက်ပျိုးတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013