DVB Logo
Home
မြန်မာသတင်း
မြဝတီ ခလရ ၂၇၅ ကို KNLA  သိမ်းပိုက်၊ တပ်မမှူးအပါ တပ်ဖွဲ့ဝင်  ၂၀၀ ကျော် ထွက်ပြေး
DVB
·
April 11, 2024
မြဝတီ ခလရ ၂၇၅ ကို KNLA  သိမ်းပိုက်၊ တပ်မမှူးအပါ တပ်ဖွဲ့ဝင်  ၂၀၀ ကျော် ထွက်ပြေး
Donate to DVB

ကရင်ပြည်နယ်၊ မြဝတီမြို့စောင့်တပ် ခလရ ၂၇၅ တပ်ရင်းကို ဧပြီ ၁၀  ရက် ည ၁၀ နာရီက KNLA ၊ PDF ပူးပေါင်းစစ်ကြောင်းတွေက အပြီးသတ် သိမ်းပိုက်ရရှိခဲ့ပြီး တပ်မမှူးအပါအဝင် တပ်ဖွဲ့ဝင် ၂၀၀ လောက်ဟာ မြန်မာ-ထိုင်းနယ်စပ် အမှတ် ၂ ချစ်ကြည်းရေး တံတားဘက်ကို ထွက်ပြေးသွားတယ်လို့ ကေအန်ယူ တပ်မဟာ ၆ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး စောနယ်ဒါးထူးက DVB ကို အတည်ပြု ပြောပါတယ်။

မြဝတီမြို့မှာ တခုတည်းကျန်ရှိနေတဲ့ စစ်ကောင်စီရဲ့ ခလရ ၂၇၅ တပ်ရင်းကို  ဧပြီ ၉ ရက် မွန်းလွဲ ၁ နာရီကစတင်ပြီး KNLA ၊ PDF ပူးပေါင်းစစ်ကြောင်းတွေက လက်နက်ကြီးနဲ့ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်ကောင်စီတပ်ရင်းကို ဧပြီ ၁၀ ရက် မနက် ၅ နာရီခွဲ နာရီလောက်က မြေပြင်ကနေ ထိုးစစ်ဆင် စတင်တိုက်ခိုက်ခဲ့တာပါ။

ဧပြီ ၁၀ ရက် မနက်ပိုင်းကစတင်ပြီး စစ်ကောင်စီက လေကြောင်းကနေ Y12၊  ဂျက်တိုက်လေယာဉ်နဲ့  ၈ ကြိမ်ထက်မနည်း ဗုံးကြဲတိုက်ခိုက်ခဲ့နေတဲ့ကြားက မနက် ၅ နာရီခွဲ​လောက်မှ  ၂၇၅ ရဲ့ ကာကင်းစခန်းကုန်း ၃ ခုကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပါတယ်။

KNU တပ်မဟာ ၆ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး စောနယ်ဒါးထူးက” ည ၁၀ နာရီ​လောက်မှာ သိမ်းပိုက်ရရှိခဲ့တယ်။ ရန်သူကျဆုံးတာ​​တော့ ၅၀ ​ကျော်မယ်။ အရှင်မရဘူး တပ်မမှူးနဲ့ အင်အား ၂၀၀ ​လောက်က စခန်းကို စွန့်ခွာပြီး ထိုင်း-မြန်မာနယ်စပ် အမှတ်(၂)တံတားဘက်ကို ပြန်ဆုတ်သွားပြီး အဲဒီ​နေရာမှာ ပြန်အ​ခြေပြုထားတယ်”လို့ ပြောပါတယ်။

နှစ်ဖက်တိုက်ပွဲအတွင်း KNLA ၊ PDF ပူးပေါင်းစစ်ကြောင်းဘက်က  နှစ်ယောက်ဒဏ်ရာရရှိခဲ့ပြီး စစ်ကောင်စီတပ်ဘက်က လူလက်နက်ခဲယမ်းဖြည့်တင်းဖို့လာရောက်တဲ့ စစ်ကောင်စီရဲ့ တပ်ဖွဲ့ဝင်တွေနဲ့ သံချပ်ကားယာဉ်တန်းကို  လမ်းမှာ ပြောက်ကျားစနစ် နဲ့ကြားဖြတ်တိုက်ခိုက်​နေတယ်လို့ စစ်ဗျူဟာမှူးက ပြောပါတယ်။

ဧပြီ ၅ ရက် မွန်းလွဲ ၁ နာရီလောက်က ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ သင်္ကန်းညီနောင်ဗျူဟာ၊ ခမရ ၃၅၆ ၊ ခမရ ၃၅၇ တပ်ရင်းတွေကို KNLA ၊ PDF ပူးပေါင်းစစ်ကြောင်းတွေက တိုက်ခိုက်သိမ်းပိုက်ခဲ့ ပါတယ်။

မတ် ၇ ရက်က စတင်ခဲ့တဲ့ ခမရ ၃၅၅၊ ခမရ ၃၅၆၊ သင်္ဃန်းညီနောင်ဗျူဟာကုန်း၊ သင်္ဃန်းညီနောင်ရဲစခန်းအပါအဝင် ဗျူဟာမှူး ဗိုလ်မှူးကြီး ထွန်းထွန်းလတ်နဲ့အတူ စစ်ကောင်စီတပ်ဖွဲ့ဝင်နဲ့ မိသားစုတွေ ၁၀၀၀ ကျော်ဟာ တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ လက်ထဲရောက်ရှိပြီး ထိန်းသိမ်းခံထားရပါတယ်။

ခလရ ၂၇၅ တပ်ရင်း စတင်ပြီးလက်နက်ကြီးနဲ့ တိုက်ခိုက်ခံနေရတာကြောင့် စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အနီးအနားက ဘာသာရေးအဆောက်အအုံတွေနဲ့ ပြည်သူတွေရဲ့နေ အိမ်တချို့ မီးလောင်ပျက်စီးခဲ့ပါတယ်။

ဒါအပြင် ဒေသခံပြည်သူတွေဟာ မြို့ဝတီမြို့တွင်းဘက်ကို တိမ်းရှောင်သူတွေရှိသလို မြန်မာထိုင်းနယ်စပ် မဲဆောက်မြို့ဘက်ကို တိမ်းရှောင်သူ ထောင်နဲ့ချီရှိတယ်လို့  မြို့ခံတွေက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013