DVB Logo
Home
မြန်မာသတင်း
ထောင်တွင်း နိုင်ကျဉ်းသေဆုံးမှု မြင့်တက်၊ ၃ လအတွင်း ၁၀ ဦးသေဟု AAPP ထုတ်ပြန်
DVB
·
April 8, 2024
ထောင်တွင်း နိုင်ကျဉ်းသေဆုံးမှု မြင့်တက်၊ ၃ လအတွင်း ၁၀ ဦးသေဟု AAPP ထုတ်ပြန်
Donate to DVB

အကျဉ်းထောင်တွေထဲမှာ နိုင်ငံရေးအကျဉ်းသား သေဆုံးမှုနှုန်းတွေ မြင့်တက်လာပြီး အခုနှစ် ဇန်နဝါရီလကနေ မတ်လအထိ သုံးလတာအတွင်း နိုင်ငံရေးအကျဉ်းသား ၁၀ ဦးထိ သေဆုံးခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ထုတ်ပြန်ပါတယ်။

အဲဒီထဲမှာ အမျိုးသမီးနှစ်ဦးနဲ့ အမျိုးသားရှစ်ဦး ပါဝင်နေပြီး အများစုကတော့ လုံလောက်တဲ့ ဆေးဝါးကုသခွင့် မရရှိတာကြောင့် သေဆုံးခဲ့ကြရတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် အကြမ်းဖက်စစ်အုပ်စုက မတရားအာဏာလုယူပြီးနောက် နိုင်ငံတဝန်း စစ်အုပ်စုနဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေ၊ တိုင်းရင်းသားခုခံကာကွယ်ရေးတပ်တွေကြား ကျယ်ကျယ်ပြန့်ပြန့် ပေါ်ပေါက်လာတဲ့ လက်နက်ကိုင်တိုက်ပွဲတွေအတွင်း ကျန်ရှိခဲ့တဲ့ မြေမြှုပ်မိုင်းနဲ့ ပေါက်ကွဲစေတဲ့ စစ်လက်နက်ခဲယမ်းတွေကြောင့် သေဆုံး၊ ထိခိုက်ဒဏ်ရာရရှိသူ အရေအတွက် များပြားလာပြီး ၂၀၂၄ ခုနှစ်ရဲ့ ပထမသုံးလတာ ကာလအတွင်း စစ်အုပ်စု မြေမြှုပ်မိုင်းကြောင့် သေဆုံးသူ ခုနစ်ယောက်ကို AAPP က မှတ်တမ်းတင်ထားနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

အာဏာသိမ်း သုံးနှစ်ကျော်အတွင်း မြန်မာနိုင်ငံတဝန်းမှာတော့ စစ်တပ်အကြမ်းဖက် ပစ်ခတ်သတ်ဖြတ်မှုတွေကြောင့် အပြစ်မဲ့ ကျဆုံးပြည်သူ အယောက် ၄,၈၆၀ ကျော်ထိ ရှိလာခဲ့ပြီလို့ ဆိုပါတယ်။

နွေဦးတော်လှန်ရေးကာလအတွင်း ဒီနေ့အထိ ၂၀,၃၁၇ ဦး လက်ရှိ ချုပ်နှောင်ခံထားရဆဲ ဖြစ်ပြီး အဲဒီထဲက ၈,၉၀၈ ဦးကတော့ ထောင်ဒဏ်ချမှတ်ခံထားရပါတယ်။

သေဒဏ်ချမှတ်ခံထားရပြီး အကျဉ်းထောင်တွေထဲမှာ ထိန်းသိမ်းခံနေရသူ စုစုပေါင်းကတော့ ၁၂၃ ဦး ရှိနေပြီး မျက်ကွယ်သေဒဏ်ချမှတ်ခံထားရသူ ၄၃ ဦး အပါအဝင် ၁၁၉ ဦးကတော့ မျက်ကွယ်ပြစ်ဒဏ် ချမှတ်ခံထားရတာကြောင့် သေဒဏ်ချမှတ်ခံထားရသူ စုစုပေါင်း ၁၆၆ ဦး ရှိလာခဲ့ပြီလို့ ဆိုပါတယ်။

လတ်တလောအချိန်ထိ ဖမ်းဆီးခံရပြီး ပြန်လည်လွတ်မြောက်လာသူ ဦးရေကတော့ ၆,၁၇၃ ဦး ရှိခဲ့တယ်လို့ ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013