DVB Logo
Home
နိုင်ငံတကာ
အော်ရီဂွန်ပြည်နယ်သား ၁ ဦး Powerball ထီဆု ဒေါ်လာ ၁ ဒသမ ၃ ဘီလီယံ ဆွတ်ခူး
DVB
·
April 8, 2024
အော်ရီဂွန်ပြည်နယ်သား ၁ ဦး Powerball ထီဆု ဒေါ်လာ ၁ ဒသမ ၃ ဘီလီယံ ဆွတ်ခူး
Donate to DVB

အမေရိကန်နိုင်ငံမှာ Powerball ထီရဲ့ ပေါက်ဂဏန်းတွေ ဧပြီ ၇ ရက် (ဒေသအချိန် ဧပြီ ၆ ရက်)က  ထွက်ပေါ်လာတာမှာ အော်ရီဂွန်ပြည်နယ်က ထီထိုးသူတဦးတည်းက ခန့်မှန်းခြေ ဒေါ်လာ ၁ ဒသမ ၃ ဘီလီယံ ထီဆုကြီး ပေါက်သွားပါတယ်။

ထီပေါက်တဲ့ဂဏန်းတွေကတော့ ၂၂၊ ၂၇၊ ၄၄၊ ၅၂၊ ၆၉ နဲ့ ၉ (အနီရောင်ဂဏန်း) တို့ဖြစ်ပြီး ထီပေါက်သူ ဘယ်သူဘယ်ဝါဆိုတာနဲ့ သူ့လိပ်စာကို ချက်ချင်း မသိရသေးပါဘူး။၊

ဇန်နဝါရီ အစောပိုင်းကတည်းက သုံးလကြာလောက် ထီပေါက်သူမရှိဘဲ အပတ်တိုင်း ဆုကြေးပိုများလာတာဖြစ်ပြီး ထီပေါက်ဂဏန်းအတွက် နံပါတ်တွေ မဲနှိုက်မယ့်အချိန်ကို စနေည ၁၀ နာရီ ၅၉ မိနစ်ကနေ တနင်္ဂနွေမနက် ၂ နာရီ ၂၉ မိနစ်ထိ ရွှေ့ဆိုင်းခဲ့တယ်လို့ ထီလုပ်ငန်းတာဝန်ရှိသူတွေက ပြောပါတယ်။

သက်တမ်းတလျှောက် Powerball ထီဆုကြေးအများဆုံးဖြစ်တဲ့ အမေရိကန်ဒေါ်လာ ၂ ဒသမ ၀၄ ဘီလီယံတန်ထီဆုကို ၂၀၂၂ ခုနှစ် နိုဝင်ဘာလတုန်းက ကယ်လီဖိုးနီးယားပြည်နယ်သားတဦးက ပေါက်ခဲ့ဖူးပါတယ်။

Source/Photo-Reuters

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013