DVB Logo
Home
မြန်မာသတင်း
စစ်ကောင်စီ သင်္ကြန်မဏ္ဍပ်နှင့် ဝေးဝေးနေရန် ပကဖ သတိပေး
DVB
·
April 8, 2024
စစ်ကောင်စီ သင်္ကြန်မဏ္ဍပ်နှင့် ဝေးဝေးနေရန် ပကဖ သတိပေး
1 / 2
Donate to DVB

ရန်ကုန်၊ မြောက်ဥက္ကလာပမြို့နယ်၊ ခေမာသီလမ်းမ၊ စည်ပင်ရုံးအရှေ့မှာ ဆောက်လုပ်ထားတဲ့ စစ်ကောင်စီ‌ သင်္ကြန်မဏ္ဍပ်မှာ ပြည်သူတွေအနေနဲ့ ရေမကစားဖို့၊ ခပ်ဝေးဝေးနေဖို့ကို မြောက်ဥက္ကလာပမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ တပ်ဖွဲ့ ၂ က သတိပေးထားပါတယ်။

စစ်ကောင်စီဟာ ၂၀၂၄ နှစ်သစ်ကူး သင်္ကြန်အတွက် ရန်ကုန်တိုင်းထဲက ခရိုင်၊ မြို့နယ်တွေမှာ ဗဟိုမဏ္ဍပ် ၄၃ ခု၊ ရေကစားမဏ္ဍပ် ၁၇၆ ခုနဲ့ လမ်းလျှောက်သင်္ကြန် လုပ်ဆောင်ဖို့ စီစဉ်နေတာ ဖြစ်ပါတယ်။

ဒီလိုလုပ်ဆောင်နေတဲ့ မဏ္ဍပ်တည်ဆောက်မှုတွေထဲမှာ မြောက်ဥက္ကလာပမြို့နယ်ကလည်း ပါဝင်လာတာဖြစ်ပြီး လက်ရှိဆောက်လုပ်နေတဲ့ နေရာဟာ ‌စစ်ကောင်စီရဲ့ မြောက်ဥက္ကလာပမြို့မ အမှတ် ၉ ရဲစခန်းနဲ့ ဘေးကပ်လျက်မှာလို့ သိရပါတယ်။

မြောက်ဥက္ကလာပမြို့နယ် ပကဖ တပ်ဖွဲ့ ၂ တာဝန်ရှိသူတဦးက “ပြည်သူတွေ မဏ္ဍပ်နဲ့ ဝေးရာကနေ ရှောင်ကွင်းသွားကြဖို့ပါ။ စစ်ရေးပစ်မှတ်မှာ မဏ္ဍပ်တွေပါတယ်။ ရန်ကုန်တတိုင်းလုံး စစ်ရေးပစ်မှတ်တွေ အရှိန်မြှင့်နေချိန်မှာ မြောက်ဥက္ကလာ ပြည်သူတွေကလည်း အကြမ်းဖက်စစ်တပ်ရဲ့ ရေကစားပွဲမှာ မပါဝင်ကြဖို့ ပြောချင်ပါတယ်” လို့ ပြောပါတယ်။

၂၀၂၄ မှာ စစ်ကောင်စီဘက်က မြို့နယ်အတွင်း မဏ္ဍပ်တခုသာ ဆောက်လုပ်ထားနိုင်ပေမဲ့ ၂၀၂၂ နဲ့ ၂၀၂၃ ခုနှစ် သင်္ကြန်ကာလမှာ မြောက်ဥက္ကလာပအဝိုင်း ကားမှတ်တိုင်အနီးက ဥက္ကလာသီရိပန်းခြံမဏ္ဍပ်နဲ့ စည်ပင်ရုံးမဏ္ဍပ်ဆိုပြီး ဆောက်လုပ်ခဲ့ပါတယ်။

မြောက်ဥက္ကလာပမြို့ခံတဦးက “အရင့် အရင်နှစ်တွေက စည်ပင်ရုံးရှေ့မှာ ကပ်ဆောက်တာ။ ဒီနှစ်က ရဲစခန်းဘက်မှာ သွားဆောက်တယ်။ ကင်းတဲနှစ်ခုလောက် ရှိတယ်။ သူတို့နဲ့ သက်ဆိုင်တဲ့သူတွေတော့ သွားကြမယ် ထင်တယ်။ ပြည်သူတဦးရဲ့ ခံစားချက်ဆိုရင်တော့ အဲဒီမဏ္ဍပ်တွေ မသွားစေချင်ရုံတင် မဟုတ်ဘူး။ သင်္ကြန်တွင်းမှာ အိမ်မှာပဲ နေစေချင်တယ်။ သူတို့က ရှုံးမဲ မဲနေတာ။ ဒီသင်္ကြန်မပြောနဲ့၊ သူ့ဘာသာသူနေတဲ့ ၈၈၈၈ ရုပ်တုတွေတောင် ဖြိုချသွားတာပဲကြည့်” လို့ ပြောပါတယ်။

စစ်ကောင်စီလက်အောက်ခံ မြောက်ဥက္ကလာမြို့နယ်ထွေအုပ်ဟာ သူတို့ ဆောက်လုပ်ထားတဲ့ မဏ္ဍပ်တွေမှာ ပြည်သူတွေ ရေလာကစားဖို့အပြင် မြို့နယ်မဏ္ဍပ်မှာ ဖျော်ဖြေဖို့ ရပ်ကွက်ရုံးတွေကတဆင့် ယိမ်းအဖွဲ့တွေ လာရောက်ကပြဖို့ လုပ်ဆောင်ခိုင်းနေတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013