DVB Logo
Home
နိုင်ငံတကာ
LGBT ဆန့်ကျင်သူများ၏ ချီတက်ပွဲကို တန်ပြန်ဆန္ဒပြ
DVB
·
April 8, 2024
LGBT ဆန့်ကျင်သူများ၏ ချီတက်ပွဲကို တန်ပြန်ဆန္ဒပြ
Donate to DVB

ဗြိတိန်နိုင်ငံ၊ စကော့တလန်နယ်၊ အီဒင်ဘာ့ဂ်မြို့က တော်ဝင်စကော့တလန်တက္ကသိုလ်ရဲ့ အပြင်ဘက်မှာ လိင်ပြောင်းထားသူတွေအပေါ် ဆန့်ကျင်သူတွေရဲ့ ချီတက်ပွဲကို တန်ပြန်ဆန္ဒပြသူတွေက နှောင့်ယှက်ခဲ့ပါတယ်။

စကော့တလန်မှာ အမုန်းတရားဆိုင်ရာ ရာဇ၀တ်မှုဥပဒေသစ် အသက်ဝင်ပြီး ငါးရက်အကြာမှာ ကျင်းပတဲ့ “Let Women Speak” ချီတက်ပွဲကို လိင်ပြောင်း အခွင့်အရေး ဆန့်ကျင်ရေး တက်ကြွလှုပ်ရှားသူတွေ တက်ရောက်ခဲ့ကြပါတယ်။

အနားမှာတော့ လိင်ပြောင်းထားသူတွေရဲ့ အခွင့်အရေးကို ထောက်ခံသူတွေက တေးသီချင်းတွေ တီးခတ်ရင်း ကြွေးကြော်သံတွေ ဟစ်ကြွေးရင်း လိင်စိတ်ခံယူချက်ကွဲပြားသူ LGBT တွေရဲ့ အလံတွေကို ဝှေ့ယမ်းခဲ့ကြပြီး သူတို့ကို ရဲတပ်ဖွဲ့ဝင်တွေက ဝိုင်းရံထားပါတယ်။

စကော့တလန်ဟာ လိင်ပြောင်းထားသူတွေရဲ့ အသိုက်အဝန်းအတွက် အခွင့်အရေးတွေကို တိုးပေးတဲ့နေရာမှာ ရှေ့တန်းကနေ ရပ်တည်နေပေမဲ့ တရားဝင် လိင်ပြောင်းဖို့ လွယ်ကူစေရေး အရင်က ကြိုးပမ်းချက်တွေကို လက်ရှိ တန်းတူညီမျှမှု ဥပဒေပြဋ္ဌာန်းချက် ထိခိုက်စေမှာ စိုးရိမ်တဲ့အတွက် ဗြိတိန်အစိုးရက ပိတ်ဆို့ခဲ့ပါတယ်။

အမုန်းတရားဆိုင်ရာ ရာဇ၀တ်မှုဥပဒေအသစ်ဟာ အမျိုးသမီးတွေအတွက်သာ ထောက်ခံအားပေးသူတွေ အပါအဝင် အမြင်တချို့ကို နှုတ်ပိတ်ဖို့ လွတ်လပ်စွာ ပြောဆိုခွင့်နဲ့ စိုးရိမ်ပူပန်မှုတွေအပေါ် သက်ရောက်နေလို့ ဝေဖန်တာတွေနဲ့ ရင်ဆိုင်နေရပါတယ်။

Source/Photo - Reuters

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013