DVB Logo
Home
မြန်မာသတင်း
တာချီလိတ်လေဆိပ်မှ ထွက်ခွာမည့် ခရီးသည်များကို Biometric Data ကောက်မည်
DVB
·
April 5, 2024
တာချီလိတ်လေဆိပ်မှ ထွက်ခွာမည့် ခရီးသည်များကို Biometric Data ကောက်မည်
Donate to DVB

ရှမ်းပြည်နယ်အရှေ့ပိုင်းက တာချီလိတ်လေဆိပ်မှာ လူဝင်မှုကြီးကြပ်ရေးက Smart card လုပ်ဖို့အတွက် စီးနင်းလိုက်ပါမယ့် ခရီးသည်အားလုံးကို Biometric Data ကောက်ယူသွားမယ်လို့ လေကြောင်းလိုင်းတွေကို အသိပေးထားပါတယ်။

တာချီလိတ်လေဆိပ်ကနေ လေယာဉ်စီးမယ့် ခရီးသည်တွေအနေနဲ့ မှတ်ပုံတင်မူရင်းအပြင် မိတ္တူတစောင်ပါ ယူလာဖို့ ညွှန်ကြားထားပြီး ဇီဝအချက်အလက် (မျက်နှာ၊ မျက်လုံးနဲ့ လက်ဗွေ) တွေကို ကောက်ခံသွားဖို့ စီစဉ်ထားတယ်လို့ လေကြောင်းလိုင်းခရီးစဉ် ရောင်းချသူတွေထံက သိရပါတယ်။

ခရီးသွားအမျိုးသားတဦးက “လေယာဉ်လက်မှတ်ဖြတ်တော့ သူတို့က မိတ္တူတစောင် အပိုထပ်ယူလာခိုင်းတယ်။ Biometric Data ကောက်ဖို့လို့ ပြောတယ်။ အခု အောက်လမ်းတွေကနေသွားရင် စစ်ဆေးရေး အရမ်းကျပ်တော့ လေဆိပ်ကနေ ပိုသွားတာများတယ်။ ဒီကနေ စောင့်ပြီး အချက်အလက် ယူတာဖြစ်မယ်။ ထောက်ခံစာလည်းယူရတယ်။ လေဆိပ်ရောက်တော့ ဒီအချက်အလက် ထပ်ဖြည့်ရတော့ အဆင်မပြေတာမျိုးတော့ ဖြစ်တာပေါ့” လို့ ပြောပါတယ်။

အချက်အလက်တွေ ကောက်ယူတဲ့အတွက် လေယာဉ်ထွက်ခွာချိန်တွေ နှောင့်နှေးမှုရှိလာပြီး လေယာဉ်စီးနင်း အသုံးပြုသူ ခရီးသည်တွေ လျော့နည်းလာနိုင်ကြောင်း လေယာဉ်လက်မှတ် ရောင်းချသူတွေက ဆိုပါတယ်။

ဒါ့အပြင် တာချီလိတ်ကနေ ထိုင်းကိုသွားမယ့်သူတွေအနေနဲ့ အလည်ပတ်စ်ပို့ PV Passport နဲ့ ၁၄ ရက် ပေးမကူးတော့ဘဲ ယာယီနယ်စပ်ဖြတ်သန်းခွင့်စာအုပ်နဲ့သာ တပတ်ပဲ ခွင့်ပြုတော့တယ်လို့ သိရပါတယ်။

“အလည်ဗီဇာကို ၁၄ ရက်အပြည့်ရချင်ရင် ရန်ကုန်လေဆိပ်ကနေ ထွက်မှရမှာ။ ၁၄ ရက် အလည်အပတ်က ရန်ကုန်လေဆိပ်ကနေပဲ အဝင်အထွက်လက်ခံတယ်။ ဒါမှမဟုတ်ရင် TR Visa ဒါမှမဟုတ် ရက်ရှည်ဗီဇာပါမှ ပတ်စ်ပို့တုံးထုပြီး ပေးဝင်တယ်” လို့ ခရီးသွားတဦးက ပြောပါတယ်။

စစ်ကောင်စီအနေနဲ့ ပြည်သူတွေရဲ့ မှတ်ပုံတင်ကို ဒစ်ဂျစ်တယ်စနစ် ကူးပြောင်းပြီး ဇီဝအချက်အလက် (Biometric Data) နဲ့ တိုက်ဆိုင်စစ်ဆေးနိုင်တဲ့ UID စမတ်ကတ်စနစ်ကို တွန်းအားပေး အကောင်အထည်ဖော်နေတာဖြစ်တယ်လို့ ပြည်သူတွေက ဆိုပါတယ်။

UID စနစ်မှာ မှတ်ပုံတင်၊ ဖုန်းနံပါတ်၊ ဘဏ်အကောင့်၊ ကိုယ်ရေးအချက်အလက်၊ ဆွေးမျိုးစဉ်ဆက်၊ နေရပ်လိပ်စာ အပါအဝင် အချက်အလက်အကုန်လုံးကို ချိတ်ဆက်သွားမှာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013