DVB Logo
Home
မြန်မာသတင်း
အီလက်ထရောနစ်မှတ်ပုံတင် e-IDလုပ်ရန် နေပြည်တော်တွင် Biometric Data ကောက်မည်
DVB
·
April 3, 2023
အီလက်ထရောနစ်မှတ်ပုံတင် e-IDလုပ်ရန် နေပြည်တော်တွင် Biometric Data ကောက်မည်
1 / 2
Donate to DVB

အီလက်ထရောနစ် မှတ်ပုံတင် e-ID ပြုလုပ်ဖို့အတွက်လိုအပ်တဲ့ နိုင်ငံသားတဦးချင်းရဲ့  Biometric Data ဇီဝဆိုင်ရာအချက်အလက်တွေကို နေပြည်တော်မှာ စတင်ကောက်ယူတော့မှာဖြစ်တယ်လို့ စစ်ကောင်စီ လူဝင်မှုကြီးကြပ်ရေးနဲ့ပြည်သူ့အင်အားဝန်ကြီးဌာနက ကြေညာပါတယ်။

၂၀၂၂ နှစ်ကုန်ပိုင်းနဲ့ ၂၀၂၃ နှစ်ဦးပိုင်းတို့တုန်းကလည်း လူဦးရေသန်းခေါင်စာရင်း ကောက်ယူနိုင်ဖို့ဆိုပြီး နေပြည်တော်အတွင်း တအိမ်တက်ဆင်း စာရင်းကောက်ယူခဲ့သလို အခုလည်း E-ID စနစ်အတွက် စာရင်းလိုက်‌ကောက်ဖို့ ရှိနေတာပါ။

မြန်မာနိုင်ငံအတွင်းနေထိုင်သူအားလုံးကို ဂဏန်း ၁၀ လုံးပါ Unique Identity ထုတ်ပေးရေးနဲ့ National Identity ထုတ်ပေးရေးအတွက် ပြည်ထောင်စုနယ်မြေတစ်ခုလုံးကို Biometric Data ကောက်ယူတဲ့လုပ်ငန်းစဉ်ကို ဆောင်ရွက်သွားမှာဖြစ်တယ်လို့ ဧပြီ ၃ ရက် ထုတ်ပြန်မှာ ဖော်ပြပါတယ်။

နေပြည်တော်နယ်မြေအတွင်းနေထိုင်သူအားလုံးကို ကောက်ယူသွားမှာဖြစ်ပြီး အသက် ၁၀ နှစ်နဲ့အထက် နိုင်ငံသားစိစစ်ရေးကတ် ကိုင်ဆောင်ထားရမှာဖြစ်တယ်လို့လည်း ဆိုပါတယ်။

တခြားတိုင်းဒေသကြီးနဲ့ ပြည်နယ်တွေမှာတော့ ဘယ်အချိန်မှာ  Biometric Data တွေ ကောက်ယူမယ်ဆိုတာတော့ မသိရသေးပါဘူး။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013