DVB Logo
Home
နိုင်ငံတကာ
ကွာလာလမ်ပူ၌ လက်နက်များနှင့်ဖမ်းမိသူ အစ္စရေး ရာဇ၀တ်ဂိုဏ်းနှင့် ဆက်နွှယ်နေ
DVB
·
April 3, 2024
ကွာလာလမ်ပူ၌ လက်နက်များနှင့်ဖမ်းမိသူ အစ္စရေး ရာဇ၀တ်ဂိုဏ်းနှင့် ဆက်နွှယ်နေ
Donate to DVB

မလေးရှားနိုင်ငံ မြို့တော်ကွာလာလမ်ပူမှာ ပြီးခဲ့တဲ့သီတင်းပတ်က ဖမ်းမိထားတဲ့ လက်နက်ကိုင် အမျိုးသားနဲ့ပတ်သက်ပြီး ကျယ်ကျယ်ပြန့်ပြန့် စုံစမ်းစစ်ဆေးနေပြီး အဲဒီအမျိုးသားဟာ အစ္စရေး ရာဇ၀တ်ဂိုဏ်းတခုနဲ့ ဆက်စပ်မှုရှိတယ်ဆိုတဲ့ သတင်းတွေကို ရှာဖွေနေကြောင်း မလေးရဲတပ်ဖွဲ့က ဧပြီ ၂ ရက်မှာ ပြောပါတယ်။

မတ်လ ၂၇ ရက်က ကွာလာလမ်ပူဟိုတယ်မှာ ဖမ်းဆီးခံခဲ့ရတဲ့ သံသယရှိသူမှာ အသက် ၃၆ နှစ်အရွယ် ရှာလွန်မ်အာဗီတန်ဖြစ်ပြီး သူ့မှာ သေနတ် ၆ လက်နဲ့ ကျည်ဆန် ၂၀၀ လက်ဝယ်ရှိထားကြောင်း ရဲတပ်ဖွဲ့ စစ်ဆေးရေးမှူးချုပ် ရာဇာရူဒင်ဟူစိန်က ဖော်ထုတ်ခဲ့ပါတယ်။

ရဲတပ်ဖွဲ့ဟာ သံသယရှိသူရဲ့ ရည်ရွယ်ချက်ကို စုံစမ်းစစ်ဆေးနေပြီး စုံစမ်းစစ်ဆေးမှုမှာ အကူအညီရဖို့ နောက်ထပ်သံသယရှိသူကို ရှာဖွေနေကြောင်းလည်း ရာဇာရူဒင်က ပြောပါတယ်။

“ဒီအစ္စရေး သံသယရှိသူမှာ ဘာကြောင့် လက်နက် ၆ ခု ရှိနေသလဲ။ သူက အဲရန် ဆိုတဲ့ အစ္စရေးတယောက်ကို ရှာချင်နေတာလို့ ပြောခဲ့တာကြောင့် အဲဒီအကြောင်းရင်းကို ဖော်ထုတ်ရမယ်။”

သူက သေနတ်တွေကို ထိုင်းနိုင်ငံကနေ ရရှိခဲ့တာလို့ သိရပြီး အဲဒီမှာ သေနတ်နဲ့ တခြားမှောင်ခိုပစ္စည်းတွေကို မလေးရှားနိုင်ငံထဲ ခိုးသွင်းလို့ရတဲ့ ခွေးတိုးပေါက်တွေ ရှိနေတာလို့လည်း ဆိုပါတယ်။

အခုလောလောဆယ် စုံစမ်းစစ်ဆေးမှုကို ၁၉၆၆ နိုင်ငံကူးလက်မှတ်ဥပဒေ ပုဒ်မ ၁၂ နဲ့ လုပ်ဆောင်နေပေမယ့် လက်နက်တွေကို တွေ့ရှိလာတဲ့အခါမှာ သေဒဏ် သို့မဟုတ် ထောင်ဒဏ် တသက်တကျွန်းနဲ့ ကြိမ်ဒဏ် စသဖြင့် ပြင်းထန်တဲ့ ပြစ်ဒဏ်တွေ သတ်မှတ်ထားတဲ့ လက်နက်ဥပဒေ ပုဒ်မ ၇ အရ စုံစမ်းစစ်ဆေးနေတယ်လို့လည်း ဆိုပါတယ်။

ဒီဖမ်းဆီးမှုအပြီးမှာတော့ မလေးရှားဟာ နယ်စပ်လုံခြုံရေးအစီအမံတွေကို တင်းတင်းကျပ်ကျပ် တိုးမြှင့်လုပ်ဆောင်နေကြောင်း ရာဇာရူဒင်က ပြောကြားခဲ့ပါတယ်။

မလေးရှားဟာ ဂါဇာစစ်ပွဲမှာ အစ္စရေးရဲ့ လုပ်ရပ်အပေါ် ဝေဖန်ပြစ်တင်ထားတာဖြစ်ပြီး မလေးရှားနဲ့ အစ္စရေးတို့ဟာ သံတမန်ဆက်ဆံရေး မရှိပါဘူး။ 

Source/Photo-REUTERS/Hasnoor Hussain

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013