DVB Logo
Home
မြန်မာသတင်း
စစ်မှုထမ်းဥပဒေကြောင့် တိမ်းရှောင်ချင်သည့် မိသားစုများကို ကလေးခရိုင် ပကဖ ကူညီမည်
DVB
·
April 1, 2024
စစ်မှုထမ်းဥပဒေကြောင့် တိမ်းရှောင်ချင်သည့် မိသားစုများကို ကလေးခရိုင် ပကဖ ကူညီမည်
Donate to DVB

စစ်ကောင်စီရဲ့ စစ်မှုထမ်းဥပဒေကြောင့် အခက်အခဲကြုံနေကြတဲ့ စစ်ကိုင်းတိုင်း၊ ကလေးခရိုင်အတွင်းက ဒေသခံတွေ ပြောင်းရွှေ့လိုပါက နေရေးထိုင်ရေး အကူအညီပေးသွားမယ်လို့ ကလေးခရိုင်ပကဖက DVB ကို ပြောပါတယ်။

က‌လေးခရိုင်ပကဖ တာဝန်ခံ ကိုစစ်ငြိမ်းအောင်က “မြို့ပေါ်မှာ စစ်မှုထမ်းဖို့ စာရင်းကောက်နေတာတွေ ကြားသိရတယ်။ အဲ့အတွက် လူငယ်တွေ မိသားစုလိုက် ရွှေ့ပြောင်းချင်သူတွေကို ကျနော်တို့ဘက်က ကျနော်တို့ စိုးမိုးနယ်မြေ အလုံခြုံဆုံးနေရာမှာ နေရာထိုင်ခင်းအတွက် အကူအညီပေးဖို့ ရှိပါတယ်။ စားသောက်ရေး အပိုင်းကတော့ အတတ်နိုင်ဆုံး ကြိုးစားပေးမယ် ဆိုတာကလွဲရင် တခြားအခက်အခဲတွေ ရှိတဲ့အတွက် ယတိပြတ်ပြောလို့ အဆင်မပြေသေးဘူး” လို့ ပြောပါတယ်။

စစ်ကောင်စီက မြို့အနီး ကျေးရွာတွေနဲ့ မြို့ပေါ်ရပ်ကွက်တချို့မှာ စစ်မှုထမ်းဥပဒေအတွက် လူငယ်‌တွေကို လိုက်လံစာရင်းကောက်နေတာကို စိစစ်တွေ့ရှိထားပြီး စစ်ကောင်စီကို လိုက်လံစာရင်းကောက်ဖို့ ကူညီဆောင်ရွက်ပေးနေသူတွေကို အရေးယူသွားမယ်လို့ ကလေးခရိုင် ပကဖက မတ် ၂၃ ရက်မှာ ပြောထားပါတယ်။

အာဏာရှင်ဟောင်း ဗိုလ်ချုပ်မှူးကြီးသန်းရွှေလက်ထက်က ပြဋ္ဌာန်းခဲ့တဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေကို လက်ရှိစစ်ခေါင်းဆောင်က ဖေဖော်ဝါရီ ၁၀ ရက်မှာ အာဏာတည်တဲ့ အမိန့်ထုတ်ပြန်ခဲ့ပါတယ်။

အခုလို စစ်ကောင်စီရဲ့ စစ်သားစုဆောင်းမှုကြောင့် အခက်အခဲကြုံနေရတဲ့ ပြည်သူတွေကို  အကူအညီပေးမယ်လို့ မတ် ၃၀ ရက်မှာ NUG က ထုတ်ပြန်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013