DVB Logo
Home
နိုင်ငံတကာ
နာဗယ်လ်ညီ အမှု သတင်းလိုက်သူ ရုရှားသတင်းထောက် အစွန်းရောက်မှုဖြင့် စွဲချက်တင်ခံရ
DVB
·
March 31, 2024
နာဗယ်လ်ညီ အမှု သတင်းလိုက်သူ ရုရှားသတင်းထောက် အစွန်းရောက်မှုဖြင့် စွဲချက်တင်ခံရ
Donate to DVB

ကွယ်လွန်သူ ရုရှား အတိုက်အခံခေါင်းဆောင် အလက်ဇီနာဗယ်လ်ညီ ကို ရုံးတင်စစ်ဆေးမှု အကြောင်း သတင်းရယူခဲ့သူ ဂျာနယ်လစ် အန်တိုနီနာ ဖာဗော်စကာယာ ကို အစွန်းရောက်မှုနဲ့ စွဲချက်တင်ခဲ့ပြီး ၂ လ ရမန်ချုပ်မိန့်နဲ့ ထိန်းသိမ်းထားတယ်လို့ သတင်းတွေက ဖော်ပြပါတယ်။ 

၂၀၂၁ မှာ အစွန်းရောက်အဖွဲ့အဖြစ် သတ်မှတ်ခံခဲ့ရတဲ့ နာဗယ်လ်ညီရဲ့ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဖောင်ဒေးရှင်းမှာ ပါဝင်ခဲ့မှုနဲ့ မော်စကိုတရားရုံးက စွဲချက်တင်ခဲ့တာဖြစ်ပါတယ်။ အပြစ်ရှိတယ်လို့ ဆုံးဖြတ်ရင် ထောင်ဒဏ် ၆နှစ်အထိ ကျခံရနိုင်တဲ့အမှု ဖြစ်ပါတယ်။ 

ဖာဗော်စကာယာဟာ နာဗယ်လ်ညီ ထောင်ထဲမှာ ရုတ်တရက်မသေဆုံးမီ တရက်အလို ဖေဖော်ဝါရီ ၁၅ ရက်နေ့က နောက်ဆုံးဗီဒီယိုကို မှတ်တမ်းတင်နိုင်ခဲ့သူဖြစ်ပါတယ်။ 

အဲဒီနေ့က နာဗယ်လ်ညီဟာ သူ့ကိုဖမ်းဆီးထားတဲ့ အာတိတ်ဒေသအကျဉ်းစခန်းကနေ ဗီဒီယိုခေါ်ဆိုမှုနဲ့ အဝေးကနေ ရုံးထုတ်စစ်ဆေးမှုကို တက်ရောက်ခဲ့ရတာ ဖြစ်ပါတယ်။ 

ဖာဗော်စကာယာဟာ အမှီအခိုကင်းတဲ့ ရုပ်သံလိုင်း ‘ဆိုတာဗီးရှင်း’က သတင်းထောက် ဖြစ်ပါတယ်။ နာဗယ်လ်ညီရဲ့ ဈာပနကိုလည်း အသေးစိတ် ရိုက်ကူးတင်ဆက်ပေးခဲ့သူ ဖြစ်ပါတယ်။

Source/Photo-Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013