DVB Logo
Home
နိုင်ငံတကာ
ဂါဇာအတွက် ဒုတိယမြောက် ရိက္ခာတင်သင်္ဘော ဆိုက်ပရပ်စ်မှ ထွက်ခွာ
DVB
·
March 31, 2024
ဂါဇာအတွက် ဒုတိယမြောက် ရိက္ခာတင်သင်္ဘော ဆိုက်ပရပ်စ်မှ ထွက်ခွာ
Donate to DVB

ဂါဇာကမ်းမြောင်အတွက် စားနပ်ရိက္ခာအကူအညီ ၃၃၂ တန် တင်ဆောင်လာတဲ့ ဒုတိယမြောက် ရိက္ခာသယ် သင်္ဘောဟာ ဆိုက်ပရပ်စ်နိုင်ငံ လာနာကာ ဆိပ်ကမ်းကနေ မတ် ၃၀ ရက်မှာ ထွက်ခွာလာပြီဖြစ်ပြီး ရှေ့အပတ်ထဲ ဂါဇာကို ရောက်ရှိမှာဖြစ်တယ်လို့ အာဏာပိုင်တွေက ထုတ်ပြန်ပါတယ်။ 

အခြားသတင်းတွေမှာတော့ တန် ၄၀၀ နီးပါး ပါတယ်လို့ ဖော်ပြကြပြီး  ရိက္ခာအပြင် အခြားအထောက်အပံ့လည်း ပါတယ်လို့ ဖော်ပြကြပါတယ်။ 

ဂါဇာကမ်းမြောင်ရဲ့ ရေလမ်းကြောင်းကို အစ္စရေးက ၁၇ နှစ်နီးပါး ပိတ်ဆို့ထားပြီးတဲ့နောက် ဆိုက်ပရက်စ်ကနေ ရေလမ်းကြောင်းနဲ့ အကူအညီပေးဝင်တာ ဒုတိယအကြိမ်မြောက် ဖြစ်ပါတယ်။ 

ငတ်မွတ်နေကြတဲ့ ပါလက်စတိုင်းသားတွေအတွက် အမေရိကန် ပရဟိတအဖွဲ့ World Central Kitchen (WCK) က ထောက်ပံ့ပေးတာ ဖြစ်ပါတယ်။ ကုန်တင်သင်္ဘောတစင်းနဲ့ ဝမ်းပြားတွဲကို ဆွဲတဲ့ တွဲဆွဲရေယာဉ်တစင်းက အကူအညီတွေကို သယ်လာမှာဖြစ်ပြီး အထောက်အကူပြုအဖွဲ့ လိုက်ပါလာတဲ့ ရေယာဉ်တစ်စင်းလည်း ပါမှာဖြစ်ပါတယ်။ ခရီးစဉ်ဟာ နာရီ ၆၀ လောက် ကြာမြင့်မယ်လို့ မှန်းထားပါတယ်။

ဥရောပသမဂ္ဂဝင် နိုင်ငံတွေထဲမှာ ဂါဇာနဲ့ အနီးဆုံးက ဆိုက်ပရပ်စ် ဖြစ်တဲ့အတွက် ဆိုက်ပရပ်စ်ကနေ ရေကြောင်းစင်္ကြံ ဖော်ဆောင်တာဖြစ်ပြီး ပစ္စည်းတွေကို အစ္စရေးကလည်း စစ်ဆေးပါတယ်။ 

မတ်လ အစောပိုင်းတုန်းက ရေကြောင်း ပထမဆုံး ပို့ဆောင်မှုမှာတော့ ရိက္ခာ တန် ၂၀၀ နီးပါး ပို့နိုင်ခဲ့ပါတယ်။ အခုတကြိမ်မှာတော့ ပစ္စည်းတွေ ချရလွယ်အောင် ဝန်ချီစက် နှစ်ခု၊ ကရိန်း တခုနဲ့ ကရိန်းမောင်းတဲ့အဖွဲ့ပါ ပါလာမှာ ဖြစ်ပါတယ်။ 

Source/Photo-REUTERS/Yiannis Kourtoglou

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013