DVB Logo
Home
အားကစား
လိုက်ပ်ဇစ်တိုက်စစ်မှူး အော်လ်မိုကို မန်ယူအသင်း ခေါ်ယူလို
DVB
·
March 29, 2024
လိုက်ပ်ဇစ်တိုက်စစ်မှူး အော်လ်မိုကို မန်ယူအသင်း ခေါ်ယူလို
Donate to DVB

ဂျာမန်ကလပ် လိုက်ပ်ဇစ်တိုက်စစ်မှူး အော်လ်မို ကို ခေါ်ယူလိုတဲ့အသင်းတွေထဲမှာ မန်ယူအသင်းလည်း ပါဝင်လာပါတယ်။

အသက် ၂၅ နှစ်ရှိ စပိန်လက်ရွေးစင်ကစားသမားဟာ ဘရာဇီးနဲ့ ၃ဂိုးစီသရေကျခဲ့တဲ့ ခြေစမ်းပွဲမှာ ပွဲထွက်ကစားခွင့်ရရှိခဲ့ပြီး တဂိုးသွင်းခဲ့ပါသေးတယ်။

တိုက်စစ်မှူးနေရာ ကစားနိုင်သလို တောင်ပံတိုက်စစ်နေရာမှာလည်း ကစားနိုင်တဲ့ အော်လ်မိုကို မန်စီးတီး၊ ချဲလ်ဆီးနဲ့ စပါးအသင်းတို့ကလည်း ခေါ်ယူဖို့ စိတ်ဝင်စားနေခဲ့တာပါ။

အော်လ်မိုဟာ အသင်းနဲ့ စာချုပ်ဖျက်သိမ်းကြေးအဖြစ် ပေါင် ၅၂ သန်း သတ်မှတ်ထားပြီး လာမယ့် နွေရာသီအပြောင်းအရွှေ့မှာ စတင်အသက်ဝင်မယ်လို့သိရ ပါတယ်။

ဒီအခြေအနေမှာ မန်ယူအသင်းကလည်း ပြိုင်ဘက်အသင်းတွေထက် လက်ဦးမှုရယူလိုနေပြီး စာချုပ်ဖျက်သိမ်းကြေးပေးကာ ခေါ်ယူဖို့ ကြိုးပမ်းနေတယ်လို့ သိရပါတယ်။

Photo-Reuters

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013