DVB Logo
Home
မြန်မာသတင်း
ဘိုကလေး၌ စစ်မှုထမ်းဥပဒေအကြောင်းဟောပြောပွဲ နားမထောင်သူကို ကျပ် ၂၀၀၀၀ ဒဏ်ငွေရိုက်
DVB
·
March 28, 2024
ဘိုကလေး၌ စစ်မှုထမ်းဥပဒေအကြောင်းဟောပြောပွဲ နားမထောင်သူကို ကျပ် ၂၀၀၀၀ ဒဏ်ငွေရိုက်
Donate to DVB

ဧရာဝတီတိုင်း၊ ဘိုကလေးမြို့နယ်မှာ စစ်ကောင်စီခန့် ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေ ပြည်သူ့စစ်မှုထမ်းဥပဒေအကြောင်းဟောပြောပွဲ တက်နားမထောင်တဲ့ ဒေသခံတွေကို ဒဏ်ငွေ ကျပ် ၂၀၀၀၀ အထိ ရိုက်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဘိုကလေးမှာ စစ်ကောင်စီခန့် ရပ်ကွက်နဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးတွေက ပြည်သူ့ စစ်မှုထမ်း ဥပဒေအကြောင်း ဟောပြောပွဲတွေကို မတ် ၂၀ ရက်ကနေ စတင်လုပ်ဆောင်နေတာဖြစ်ပြီး ဟောပြောပွဲတက် နားမထောင်တဲ့ ဒေသခံ တယောက်ကို ဒဏ်ငွေလို့ ခေါင်းစဉ်တပ်ကာ ကျပ် ၂၀၀၀၀ အထိ တောင်းယူနေတာလို့ ဆိုပါတယ်။

ဘိုကလေးဒေသခံတဦးက ''ပြည်သူ့စစ်မှုထမ်းဥပဒေအကြောင်း ရှင်းပြမလို့  မဖြစ်မနေ တက်နားထောင်ဖို့ ရာအိမ်မှူးတွေ၊ ဆယ်အိမ်မှူးတွေက တအိမ်တက်ဆင်းခေါ်တာ။ တက်နားမထောင်တဲ့ သူတွေကို အထက်အမိန့်အရဆိုပြီး ဒဏ်ငွေဆိုပြီး အုပ်ချုပ်ရေးမှူးတွေနဲ့ ရာအိမ်မှူးတွေ ဆယ်အိမ်မှူးတွေ ငွေ ၂၀၀၀၀ တောင်းတာ။ ထင်တိုင်းကြဲနေတာ။ အထက်က တကယ်မတောင်းခိုင်းရင်တောင် သိက္ခာတော်တော်ကျတဲ့လုပ်ရပ်လေ” လို့ ပြောပါတယ်။

ဒါ့အပြင် ပြည်သူ့စစ်မှုထမ်း ဥပဒေအကြောင်း နားမထောင်ရင် ထောင်ဒဏ် ၃ နှစ်အထိချခံရမယ်လို့  အုပ်ချုပ်ရေးမှူးတွေက ခြိမ်းခြောက်ပြောဆိုနေတယ်လို့လည်း ဆိုပါတယ်။

ဒေသခံတဦးက''တချို့နေရာတွေမှာ ပါးစပ်နဲ့ပြောတာတဲ့။ ကျမတို့ဘက်ကတော့ အသံချဲ့နဲ့ အော်တာ။ အစည်းအဝေးပေါ့ မပျက်မကွက်တက်ရမယ်တဲ့။ ၁၈ နှစ်ကနေ ၃၅ နှစ်အထိ ယောကျ်ားလေးတွေ၊ မိန်းကလေးတွေပါခေါ်တာ မိန်းကလေးတွေက ၁၈ ကနေ ၂၈ အထိတဲ့။ ဥပဒေအကြောင်း တက်နားမထောင်ရင် မိမိတာဝန်လို့ဖြစ်တယ်လို့ ထည့်ကြေညာတာ။ ယောကျ်ား၊ မိန်းမတိုင်း ပဲနုတ်၊ စပါးရိတ်နေတဲ့သူတွေ တရက်  ၆၀၀၀ လောက်ရတာ။ ၂၀၀၀၀ ပေးရမှာကြောက်တော့ သွားတယ်။ မကြားမိလို့ မသိလို့ မသွားချင်လို့ မသွားဖြစ်တဲ့သူတွေဆို ၂၀၀၀၀ ပဲ တောင်းတာပဲ”လို့ ပြောပါတယ်။

စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးတွေက စစ်မှုထမ်းဥပေဒအကြောင်း ဟောပြောချိန်လာ နားမထောင်တဲ့ ဒေသခံတွေကို ရာအိမ်မှူး၊ ဆယ်အိမ်မှူးတွေကို စာရင်းပြုစုခိုင်းထားပြီး ပြည်သူ့စစ်မှုထမ်းဥပေဒေကို ဆန့်ကျင်မှုနဲ့ ဖမ်းဆီးထောင်ချမယ်လို့ ပြောဆိုတာတွေလည်း ရှိတယ်လို့ သိရပါတယ်။

ဧရာဝတီတိုင်းဟာ တခြားတိုင်းတွေနဲ့ ယှဉ်ရင် တည်ငြိမ်းအေးချမ်းတဲ့ဒေသဖြစ်ပြီး စစ်ကောင်စီက စိတ်ရင်းစေတနာမထားဘဲ စစ်မှုထမ်းဥပဒေကို အသက်သွင်းပြီးနောက် ဧရာဝတီတိုင်းက ဒေသခံတွေကို နည်းအမျိုးမျိုးနဲ့ ဖိနှိပ်ချုပ်ချယ်နေတာလို့ ဒေသခံတွေက ပြောပါတယ်။

Photo - MOI

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013