
ချဲလ်ဆီးဟာ စတမ်းဖိုဒ်ဘရစ်ဂျ်အိမ်ကွင်းမှာ မန်ယူနိုက်တက်အသင်းကို (၁-၀) ဂိုးနဲ့ ထပ်မံ ရှုံးနိမ့်ခဲ့ပြီးနောက် ပရိသတ်တွေရဲ့ ပြင်းပြင်းထန်ထန် လှောင်ပြောင်မှုကို ခံခဲ့ရပါတယ်။
မန်ယူအသင်းဟာ နောက်တန်းမှာ လူငယ်ကစားသမား အေဒင်ဟဲဗန် တယောက်တည်းသာ ပါဝင်နိုင်တဲ့ အခြေအနေမှာတောင် ချဲလ်ဆီးက ဂိုးရအောင် မသွင်းနိုင်ခဲ့တာပါ။
၄၃ မိနစ်မှာ မားသီးယပ်စ် ကွန်ညာ သွင်းယူခဲ့တဲ့ အနိုင်ဂိုးကြောင့် မန်ယူက ချန်ပီယံလိဂ်ဝင်ခွင့်အတွက် အခြေအနေကောင်းသွားပေမဲ့ ချဲလ်ဆီးကတော့ ၁၉၁၂ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ် ၄ ပွဲဆက် ဂိုးမသွင်းနိုင်ဘဲ ရှုံးနိမ့်တဲ့ အဆိုးရွားဆုံးမှတ်တမ်းနဲ့ ရင်ဆိုင်လိုက်ရပါတယ်။
ပွဲအပြီးမှာ ပရိသတ်တွေက နည်းပြရိုဆင်းနီးယားနဲ့ အသင်းပိုင်ရှင်တွေကို ဆန့်ကျင် ကန့်ကွက်ခဲ့ကြသလို၊ ကိုးလ်ပါလ်မာကလည်း ချန်ပီယံလိဂ်ဝင်ခွင့်မရရင် အသင်းမှာ အပြောင်းအလဲတွေ ဖြစ်လာနိုင်တယ်လို သတိပေးခဲ့ပါတယ်။










