DVB Logo
Home
မြန်မာသတင်း
ဖျာပုံတွင် စစ်မှုထမ်းဟောင်းနှင့် စစ်ပြေးများကို ရာထူးလစာများပေးမည်ဟု စည်းရုံးနေ
DVB
·
March 24, 2024
ဖျာပုံတွင် စစ်မှုထမ်းဟောင်းနှင့် စစ်ပြေးများကို ရာထူးလစာများပေးမည်ဟု စည်းရုံးနေ
Donate to DVB

ဧရာဝတီတိုင်း၊ ဖျာပုံမြို့နယ်မှာ စစ်မှုထမ်းဟောင်းတွေနဲ့ စစ်ပြေးတွေကို ရာထူးနဲ့ လစာပေးမယ်လို့ စစ်ကောင်စီက ပြောဆိုစည်းရုံးခေါ်ယူနေတယ်လို့ စစ်မှုထမ်းဟောင်းတွေနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။ 

စစ်မှုထမ်းဥပဒေ အတည်ပြုထုတ်ပြန်ပြီးနောက် ဖျာပုံမြို့နယ်မှာ မတ် ၁၅ ရက်ကစတင်ပြီး စစ်မှုထမ်းဟောင်းတွေနဲ့ စစ်ပြေးကို အုပ်ချုပ်ရေးမှူးတွေကတဆင့် အစည်းအဝေးခေါ်ခိုင်းပြီး လစာနဲ့ ရာထူးပေးဖို့ စည်းရုံးနေတာဖြစ်တယ်လို့ ဆိုပါတယ်။

စစ်မှုထမ်းဟောင်းနဲ့ နီးစပ်သူတယောက်က “အုပ်ချုပ်ရေးတွေက စစ်ပြေးတွေ၊ စစ်မှုထမ်းဟောင်းတွေကို စစ်ကောင်စီရဲ့ ခိုင်းစေချက်အရဆိုပြီး ခေါ်နေတာ။ အစည်းအဝေးလို့ ခေါ်ပြီး စစ်မှုထမ်းဖို့ ပြောနေတာ။ သက်ကြီး စစ်မှုထမ်းဟောင်းတွေကို ဘဏ်တွေနဲ့ ဂိတ်တွေရုံးဌာနေတွေမှာ စောင့်ခိုင်းမယ်။ စစ်ပြေးတွေကို ထောင်ကျဖူးရင်၊ ရာဇဝင်ဖျက်ပေးမယ်။ ပြောဆိုပြီး ခေါ်နေတာ။ စစ်ကောင်စီက လစာနဲ့ ရာထူးတွေပေးဖို့ ပြင်ဆင်ထားတယ်လို့ ပြောခေါ်တာတဲ့” လို့ ပြောပါတယ်။ 

စစ်မှုထမ်းဟောင်းနဲ့ စစ်ပြေးတွေကို လစာနဲ့ ရာထူးပေးမယ်လို့ စည်းရုံးပြောဆိုပြီး စစ်မှုပြန်လည်ထမ်းဆောင်ဖို့ ခေါ်ယူနေပေမယ့် လစာနဲ့ ဘယ်လိုရာထူးပေးမယ်လို့ ပြောဆိုတာ မရှိသလို လက်ရှိမှာလည်း စစ်ပြေးတွေနဲ့ စစ်မှုထမ်းဟောင်းတွေထဲက စာရင်းပေးသူနည်းနေတယ် လို့ စစ်ကောင်စီရဲ့ မြို့နယ်အုပ်ချုပ်ရေးအဖွဲ့နဲ့နီးစပ်သူတယောက်က ပြောပါတယ်။

“စစ်မှုထမ်းဟောင်းတွေကိုခေါ်ဖို့ ဥပဒေက ထွက်ထားပြီလေ။ ဒါကြောင့် စကစ ခေါ်နေတာ။ လစာပေးမယ် ဘာညာဆိုတာကတော့ သူတို့ပါးစပ်က ထွက်တဲ့ စကားပဲလေ။ လူကတော့ ရသလောက် ခေါ်နေမှာပဲ။ စကစက နယ်မြေမစိုးမိုးတဲ့ နယ်မြေတွေ များလာပြီး အရှုံးကြီး ရှုံးနေတာကို” လို့ ပြောပါတယ်။

ဒါ့အပြင် စစ်ကောင်စီဟာ  ဖေဖော်ဝါရီ ၁၀ ရက် ညနေပိုင်းက စစ်မှုထမ်းဥပေဒေကို အသက်သွင်း အတည်ပြုပြီး အမျိုးသား အသက် ၁၈ နှစ်ကနေ ၃၅ နှစ်အတွင်း၊ အမျိုးသမီး အသက် ၁၈ နှစ်ကနေ ၂၇ နှစ်အတွင်း စစ်မှုထမ်းရမလို့ ထုတ်ပြန်ခဲ့ပြီးနောက် ဖျာပုံမြို့နယ်မှာ အမျိုးသားလူငယ်တွေ ဦးစားပေးပြီး စစ်မှုထမ်းစာရင်းတွေ လိုက်လံကောက်ယူနေတယ်လို့ ဒေသခံတွေ ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013