DVB Logo
Home
မြန်မာသတင်း
စစ်ကောင်စီတပ်က အမျိုးသမီးတပ်သားသစ်များ စုဆောင်းနေ 
DVB
·
March 24, 2024
စစ်ကောင်စီတပ်က အမျိုးသမီးတပ်သားသစ်များ စုဆောင်းနေ 
Donate to DVB

ပထမအသုတ် လူဦးရေ ၅၀၀၀ စစ်မှုထမ်းရမယ့်စာရင်းမှာ အမျိုးသမီးတွေ မပါပေမဲ့ စစ်ကောင်စီတပ်ဟာ ပြင်ပသင်တန်းကျောင်းတွေကနေ အမျိုးသမီး တပ်သားသစ်တွေ စုဆောင်းနေတယ်လို့  တပ်နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

အသက် ၁၈ နှစ်မှ ၂၅ နှစ်အတွင်းရှိ အမျိုးသမီးတွေကို ကြည်း၊ ရေ၊ လေ လက်ရုံးဝန်ထမ်းတပ်တွေမှာ အခြားအဆင့်ကနေ တာဝန်ထမ်းဆောင်ဖို့ လူသစ်စုဆောင်းနေတာလို့  စုဆောင်းရေးတပ်နဲ့ နီးစပ်သူတဦးက ပြောပါတယ်။

“အခုက စစ်မှုထမ်းဥပဒေတမျိုး၊ ဒီကြားထဲ အမျိုးသမီးတပ်သားသစ် စုဆောင်းပေးရတယ်။ သင်တန်းပေးမှာက မေလထဲမှာ ပညာအရည်အချင်းကတော့ ၈ တန်းလောက်ဆိုရတယ်။”

စုဆောင်းရေးတပ်တွေက စုဆောင်းရရှိတဲ့ အမျိုးသမီးတပ်သားသစ်တွေကို မေလအတွင်း သင်တန်းကျောင်းတွေမှာ လေးလတာ သင်တန်းပေးသွားမှာဖြစ်တယ်လို့ မှော်ဘီသင်တန်းကျောင်းနဲ့ နီးစပ်သူတဦးက ဒီဗွီဘီကို ပြောပါတယ်။

“သတင်းစာက ကြေညာတာကိုသိလို့ ဝင်လာကြတဲ့သူက ရှားတယ်။ စုဆောင်းရေးတပ်က လာပို့လို့ ရောက်လာတာများတယ်။ သင်တန်းကျောင်းတွေမှာတော့ တပ်သားသစ်တွေအတွက် ကြိုတင်ပြင်ဆင်မှုတွေ လုပ်နေတယ်။”

လတ်တလော စစ်မှုထမ်းဥပဒေကြောင့် မြို့နယ်တချို့မှာ အမျိုးသမီးတွေ ပျောက်ဆုံးနေပြီး မိဘတွေနဲ့ မိသားစုဝင်တွေလည်း စိုးရိမ်ပူပန်နေကြပါတယ်။

စစ်ကောင်စီ စတင်ကျင့်သုံးနေတဲ့ စစ်မှုထမ်းဥပဒေအရ မတ် ၂၇ ရက်မှ ဧပြီ ၃ ရက်အထိ ပထမအကြိမ် စစ်မှုထမ်းရမယ့် အမျိုးသားဦးရေ အယောက် ၅၀၀၀ ကို ကျန်းမာရေး စစ်ဆေးသွားဖို့ ရှိပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013