DVB Logo
Home
နိုင်ငံတကာ
တက္ကဆက်ပြည်နယ်တွင် ဘိလပ်မြေကားနှင့် ကျောင်းကား တိုက်မိပြီး ၂ ဦး သေဆုံး
DVB
·
March 23, 2024
တက္ကဆက်ပြည်နယ်တွင် ဘိလပ်မြေကားနှင့် ကျောင်းကား တိုက်မိပြီး ၂ ဦး သေဆုံး
Donate to DVB

တက္ကဆက်ပြည်နယ် အဝေးပြေးလမ်းမှာ မတ် ၂၂ ရက်က ဘိလပ်မြေထရပ်ကားဟာ ရုတ်တရက် လမ်းကြောင်းပြောင်းပြီး ကလေး ၄၀ ကျော်ကို တင်ဆောင်လာတဲ့ ကွင်းဆင်းလေ့လာရေး ကျောင်းကား တစီးနဲ့ ခေါင်းချင်းဆိုင် တိုက်မိခဲ့ရာမှာ လူငယ် တဦး အပါအဝင် ၂ ဦး သေဆုံးပြီး ဒါဇင်ပေါင်းများစွာ ဒဏ်ရာရရှိခဲ့တယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။

တက္ကဆက်ပြည်နယ်မြို့တော် အော်စ်တင်ရဲ့ အရှေ့မြောက်ဘက် ဘတ်စ်ထရပ်ပ်ကောင်တီရှိ ပြည်နယ်အဝေးပြေးလမ်းမကြီး အမှတ် ၂၁ ပေါ်မှာ မွန်းလွဲ ၂ နာရီလောက်က ဒီမတော်တဆမှု ဖြစ်ပွားခဲ့တာလို့ ရဲတပ်ဖွဲ့နဲ့ မီးသတ်တာဝန်ရှိသူတွေက ပြောပါတယ်။ 

ဒါ့အပြင် ဘတ်စ်ကားပေါ်က ကလေးငယ် တဦးဟာ အခင်းဖြစ်ပွားရာနေရာမှာပဲ သေဆုံးသွားပြီး ယာဉ်တိုက်မှုကြောင့် ဘတ်စ်ကားနောက်မှာ လိုက်ပါလာတဲ့ ခရီးသည်တင်ကားမှ ယာဉ်မောင်း အမျိုးသား တဦးလည်း သေဆုံးခဲ့တယ်လို့ ရဲက ပြောပါတယ်။ 

ဘတ်စ်ကားပေါ်မှာ စုစုပေါင်း လူကြီး ၁၁ ဦးနဲ့ ကလေး ၄၄ ဦး လိုက်ပါခဲ့ပြီး နောက်ထပ် ယာဉ် ၂ စီး မှာတော့ ယာဉ်မောင်းတဦးစီသာ လိုက်ပါခဲ့တာပါ။ 

စုံစမ်းစစ်ဆေးသူတွေကတော့ ကျောင်းကား မောင်းလာမယ့် တဖက်လမ်းကြောထဲကို ဘိလပ်မြေ ထရပ်ကား ကွေ့ဝင်သွားရတဲ့အကြောင်းရင်းကို စုံစမ်းရှာဖွေနေကြပါတယ်။ 

တက္ကဆက်ပြည်နယ် ပြည်သူ့ဘေးကင်းရေးဌာနမှ တပ်ကြပ်ကြီး ဒီယွန် ကော့ခ်ရဲလ်ရဲ့ အဆိုအရ ယာဉ်မောင်းမှာ တစုံတရာ အားနည်းချို့ယွင်းမှု ဖြစ်တယ်လို့ ညွှန်ပြချက်မျိုး မတွေ့ရဘူးလို့ ဆိုပါတယ်။ 

ယာဉ်တိုက်မှုဖြစ်ပွားချိန်မှာ ကျောင်းကားဟာ ဟေးစ် စုပေါင်းလွတ်လပ်သောကျောင်းခရိုင်မှ မူကြိုကျောင်းသား ကလေးငယ်တွေကို တိရစ္ဆာန်ရုံ လေ့လာရေးခရီးစဉ် ခေါ်ဆောင်သွားနေတာ ဖြစ်ကြောင်း အော်စ်တင် အမေရိကန် စတိတ်မန်း သတင်းစာက ရေးသားထားပါတယ်။ 

Source/Photo - Reuters

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013