DVB Logo
Home
နိုင်ငံတကာ
ထိုင်းအပါအဝင် အာဆီယံ ၄ နိုင်ငံကို ဩစတြေးလျက စိုက်ပျိုးရေးလုပ်သားဗီဇာပေး
DVB
·
March 22, 2024
ထိုင်းအပါအဝင် အာဆီယံ ၄ နိုင်ငံကို ဩစတြေးလျက စိုက်ပျိုးရေးလုပ်သားဗီဇာပေး
Donate to DVB

ထိုင်းနိုင်ငံအပါအဝင် အာဆီယံ ၄ နိုင်ငံကို ဩစတြေးလျနိုင်ငံက စိုက်ပျိုးမွေးမြူရေးလုပ်သား ဗီဇာပေးသွားမယ်လို့ ထုတ်ပြန်ပါတယ်။

သြစတြေးလျနိုင်ငံခြားရေးနဲ့ ကုန်သွယ်မှုဌာနရဲ့ အဆိုအရ အဆိုပါဗီဇာအမျိုးအစားခွဲ ၄၀၃ ခုကို ထိုင်း၊ ဗီယက်နမ်၊ အင်ဒိုနီးရှားနဲ့ ဖိလစ်ပိုင်တို့က အလုပ်သမားတွေ ဗီဇာလျှောက်ထားနိုင်ပြီး အချိန်ကာလ ၄ နှစ်အထိ အလုပ်လုပ်ကိုင်ဖို့ အခွင့်အလမ်းရရှိနိုင်မယ်လို့ ဆိုပါတယ်။

အဆိုပါ ဗီဇာဟာ လယ်ယာစိုက်ပျိုးရေးကဏ္ဍက ကျွမ်းကျင်အဆင့်ရှိ လုပ်သားတွေကို ထုတ်ပေးမှာဖြစ်ပြီး ဗီဇာကိုင်ဆောင်သူတွေဟာ စိုက်ပျိုးရေး၊ သစ်တောနဲ့ ရေထွက် ကုန်လုပ်ငန်းနဲ့ ဆက်စပ်လုပ်ငန်းခွင်တွေမှာ အလုပ်လုပ်ကိုင်နိုင်မှာဖြစ်ကာ အပိုအဆိုင်း ဝင်ငွေတွေ မပါဝင်ဘဲ လစဉ် ဩစတေးလျဒေါ်လာ ၄၀၀၀ ကျော် ဝင်ငွေရရှိနိုင်မယ်လို့ သိရပါတယ်။

သြစတြေးလျနိုင်ငံ စိုက်ပျိုးရေး၊ ငါးလုပ်ငန်းနဲ့ သစ်တောရေးရာဌာနရဲ့ အဆိုအရ သြစ တြေးလျမှာ ပန်းမန်စိုက်ပျိုးရေးလုပ်ငန်းတခုတည်းမှာပဲ နှစ်စဉ် လုပ်သား ၃၀,၀၀၀ လောက် လိုအပ်နေပြီး မွေးမြူရေး၊ အသားထုတ်လုပ်ရေး၊ နို့ထွက်ပစ္စည်းနဲ့ စိုက်ပျိုးရေး ထုပ်ပိုးမှု လုပ်ငန်းတွေမှာလည်း လုပ်သားရှားပါးမှုနဲ့ ရင်ဆိုင်နေရတယ်လို့ ဆိုပါတယ်။

ဒါ့ကြောင့်မို့ လတ်တလော ထိုင်းအပါအဝင် အာဆီယံ ၄ နိုင်ငံကို ပေးမယ့် စိုက်ပျိုးမွေး မြူရေးလုပ်သားဗီဇာဟာ ဩစတြေးလျလယ်ယာလုပ်ငန်းနဲ့ ပြည်တွင်းစီးပွားရေးလုပ်ငန်း တွေအတွက် လုပ်သားအင်အားနဲ့ လူ့စွမ်းအားအရင်းအမြစ်ပြဿနာကို ဖြေရှင်းပေးမယ့် အခွင့်အလမ်းတခုဖြစ်လာမယ်လို့ ဆိုပါတယ်။

ဩစတြေးလျ စိုက်ပျိုးမွေးမြူရေးလုပ်သားဗီဇာနဲ့ ခေါ်ယူမယ့် နိုင်ငံတွေထဲမှာ အစပိုင်း ကာလတွေက မြန်မာနိုင်ငံပါဝင်လာမယ်လို့ သတင်းတွေ ထွက်ပေါ်ခဲ့ပေမဲ့ လတ်တလော စစ်မီးတောက်လောင်နေတဲ့ အခြေအနေကြောင့် ခေါ်ယူနိုင်ခြင်း မရှိသေးပါဘူး။

ဒါ့အပြင် စစ်အာဏာသိမ်းမှု နောက်ပိုင်း စားသောက်ကုန်ဈေးနှုန်းတွေ မြင့်တက်လာနေတာရယ်၊ စက်ရုံအလုပ်ရုံတွေ ဆောက်လုပ်ရေးလုပ်ငန်းတွေနဲ့ ဝန်ဆောင်မှုလုပ်ငန်းတွေ ရပ်ဆိုင်းရတဲ့နောက်မှာ အလုပ်လက်မဲ့တွေ တိုးပွားလာနေတာရယ်၊ ကိုဗစ်ရောဂါ ကူးစက်မူ နောက်ဆက်တွဲ ပြဿနာတွေကြောင့် စီးပွားရေး ကျဆင်းမှု ပိုမိုဆိုးရွားလာနေပြီးတော့ လူမှုဘဝ အကျပ်အတည်းတွေ ပိုဆိုးလာနေပါတယ်။ 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013