Home
မြန်မာသတင်း
မြန်မာပဋိပက္ခ အဆုံးသတ်ရေး အရှိန်အဟုန်ဖြင့် ကူညီကြရန် ဗြိတိန် တိုက်တွန်း
DVB
·
March 20, 2024
Britain's Cameron says Myanmar_20032024

စစ်အာဏာရှင် အုပ်ချုပ်နေတဲ့ မြန်မာနိုင်ငံက သွေးထွက်သံယို ပဋိပက္ခဟာ အခုတော့ စစ်မျက်နှာပေါင်းစုံ ရှိနေတဲ့ ဘက်စုံပြည်တွင်းစစ် ဖြစ်နေကြောင်းနဲ့ တိုက်ပွဲတွေ အဆုံးသတ်ရေးအတွက် ကိုလိုနီအုပ်စိုးသူဟောင်း ဗြိတိန်၊ အရှေ့တောင်အာရှအစုအဖွဲ့ အာဆီယံနဲ့ တခြားနိုင်ငံတွေက အရှိန်အဟုန်နဲ့ ကူညီကြဖို့ လိုအပ်နေတယ်လို့ ထိုင်းနိုင်ငံကို ရောက်ရှိနေတဲ့ ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး ဒေးဗစ်ကင်မရွန်းက မတ် ၂၀ ရက်မှာ ပြောလိုက်ပါတယ်။

“မြန်မာနိုင်ငံမှာ ဘက်စုံပြည်တွင်းစစ်ဆီ ပြောင်းလဲသွားတဲ့ ပဋိပက္ခဟာ ကြောက်စရာကောင်းတဲ့ အခြေအနေပါ။ အချိန်တိုကာလအတွင်း အဲဒါကို ကြိုးစားကူညီဖို့ အာဆီယံမှာရှိတဲ့ မိတ်ဖက်တွေနဲ့ လက်တွဲချင်ပါတယ်။ ဗြိတိန်ကတော့ အကူအညီတွေ ပံ့ပိုးပေးမှာပါ။”

တဖက်က အာဏာသိမ်း စစ်အစိုးရနဲ့ တဖက်မှာလည်း လက်နက်ကိုင် တော်လှန်ရေးလှုပ်ရှားမှု အဖွဲ့တွေနဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေအကြား တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့ မြန်မာနိုင်ငံမှာ အလိုအပ်ဆုံးသူတွေဆီ အကူအညီတွေ ပေးအပ်နိုင်ရေးအတွက် ဗြိတိန်ဟာ အခန်းကဏ္ဍတခုကနေ ပါဝင်နိုင်မယ်လို့ မျှော်လင့်ကြောင်းလည်း သူက ပြောပါတယ်။

ပဋိပက္ခ စကတည်းက ဒုက္ခသည်တွေကို ကူညီဖို့ ပေါင်သန်း ၁၂၀ လိုမျိုး အကူအညီတွေ ပေးခဲ့တယ်လို့လည်း ဆိုပါတယ်။

ဒါပေမဲ့ အာဆီယံနဲ့ တခြားနိုင်ငံတွေလည်း ပူးပေါင်းပြီး ဒီပဋိပက္ခကို အဆုံးတိုင်အောင် ကူညီဖို့ တကယ်လိုအပ်တယ်လို့ ထင်မြင်ကြောင်းလည်း ကင်မရွန်းက ပြောဆိုသွားပါတယ်။

Source/Photo-Reuters

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024