DVB Logo
Home
မြန်မာသတင်း
ကရင်မင်းသမီး လားစေးဖော၊ မင်းသားအလင်းရောင်နှင့် အဆိုတော် The Sai တို့ Asia Top awards ဆုရရှိ
DVB
·
March 20, 2024
ကရင်မင်းသမီး လားစေးဖော၊ မင်းသားအလင်းရောင်နှင့် အဆိုတော် The Sai တို့ Asia Top awards ဆုရရှိ
Donate to DVB

မြန်မာ-ထိုင်းနယ်စပ်က ကရင်အဆိုရှင်နဲ့ ကရင်မင်းသမီး လားစေးဖော၊ မြန်မာနိုင်ငံက မင်းသား အလင်းရောင်နဲ့ အဆိုတော် The Sai တို့ Asia Top award ဆုပေးအပ် ချီးမြှင့်ခံခဲ့ရပါတယ်။

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ Siam Paragon မှာ မတ် ၁၈ ရက် ညက ကျင်းပတဲ့ Asia Top Awards 2024 ပွဲကြီးမှာ ဆုအသီးသီး ချီးမြှင့်ခံခဲ့ရတာပါ။

ကရင်မင်းသမီး လားစေးဖောကို နယ်စပ်စစ်ရှောင်တွေ၊ သက်ကြီးရွယ်အိုတွေကို ကူညီပေးမှုကြောင့် “လူမှုအသိုက်အဝန်း ကူညီပေးမှုဆိုင်ရာ ထူးခွန်ဆု” (Excellent in helping society) ပေးအပ်ချီးမြှင့်ခဲ့တာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှ မင်းသား အလင်းရောင်ကိုတော့ Best Actor Award ရရှိခဲ့ပြီး အဆိုတော် The Sai ကတော့ “ယဉ်ကျေးမှုပေါင်းစည်းရေး” ဆိုင်ရာဆု Culture Integration ဆု အသီးသီး ရရှိခဲ့ကြတာ ဖြစ်ပါတယ်။

မင်းသား အလင်းရောင်ကတော့ ပြီးခဲ့တဲ့နှစ် Asia Top Award 2023 ဆုပေးပွဲမှာ “သတို့သမီး” ရုပ်ရှင်ဇာတ်ကားနဲ့ Best Artist Award ဆုကို ဆွတ်ခူးရရှိခဲ့ပြီး အခု ၂၀၂၄ မှာ အကောင်းဆုံး ဇာတ်ဆောင်ဆု နဲ့ ၂ နှစ်ဆက်တိုက် ဆုရရှိတာလည်း ဖြစ်ပါတယ်။

Asia Top Awards 2024 ပွဲတော်မှာတော့ ကိုရီးယား၊ ထိုင်း၊ ဗီယက်နမ်၊ ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ စတဲ့ နိုင်ငံတကာက အနုပညာရှင်တွေအပြင် နယ်ပယ်အသီးသီးက အတတ်ပညာရှင်တွေကို ဆုအသီးသီး ချီးမြှင့်ပေးခဲ့တာလည်း ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013