DVB Logo
Home
မြန်မာသတင်း
နှုတ်ခမ်းနီမလေးတို့ အသည်းစွဲသရုပ်ဆောင် အလင်းရောင်သီဆိုသည့် “မေ” သီချင်း(ရုပ်သံ)
DVB
·
June 24, 2020
နှုတ်ခမ်းနီမလေးတို့ အသည်းစွဲသရုပ်ဆောင် အလင်းရောင်သီဆိုသည့် “မေ” သီချင်း(ရုပ်သံ)
Donate to DVB

“မေ… သိပ်လှလွန်းတဲ့ မေ… မေ့ရဲ့ အလှကြောင့် ကျနော်ရူး… ကျနော်မူး… ကျ နော်ဝပ်စင်းရပြီ မေ… လှရက်လွန်းတဲ့ မေ… နတ်သက်ကလေးများ ကြွေသလား… ထင် မှား… ကမ္ဘာမှာ အလှဆုံးက မေ”

ဒါကတော့ လတ်တလော အသစ်ထွက်ရှိထားတဲ့ နှုတ်ခမ်းနီမလေးတွေ အသည်းစွဲ သရုပ်ဆောင် အဆိုတော် အလင်းရောင်ရဲ့ သီချင်းသစ်တပုဒ်ထဲက တေးသွားစာသားတွေ ဖြစ်ပါတယ်။

“မေ”လို့ ရိုးရိုးရှင်းရှင်း နာမည်ပေးထားခဲ့တဲ့ ဒီသီချင်းကိုတော့ Joox Myanmar ကတဆင့် တင်ဆက်လိုက်တာ ဖြစ်ပါတယ်။

“သဲလည်းစင် ခြောက်ပစ်ကင်းတဲ့… မနိမ့်မမြင့်တဲ့ အရပ်နဲ့ တင့်တယ်… နို့နှစ် ရောင်သန်းတဲ့ အသားအရည်နဲ့… မေ သိပ်လှတယ်… ပုလဲလုံးစီ သွားလေးများနဲ့… ပြုံး လိုက်ရင် ရူးသွားလောက်တယ်… ရွှန်းလဲ့စို ညှို့မျက်ဝန်းတွေနဲ့… မေရယ်… သန်းလေး ထောင်သော အမျိုးသမီးတွေထဲမှာ မေအလှဆုံး… မေနေ့တိုင်းသောက်တဲ့ ကော်ဖီလေး တခွက် ဖြစ်ချင်တယ်”

အသက် ၂၈ နှစ်အရွယ် ရှိနေပြီဖြစ်တဲ့ အလင်းရောင်ဟာ မန္တလေးမြို့ဇာတိဖြစ်ပြီး ၂၀၀၈ ခုနှစ်က စတင်ပြီး မော်ဒယ်တယောက်အဖြစ်နဲ့ အနုပညာလောကထဲကို ရောက်ရှိလာခဲ့တာ ဖြစ်ပါတယ်။

အဲဒီနောက်မှာတော့ မော်ဒယ်တယောက်အနေနဲ့ လှုပ်ရှားနေရင်း စီးပွားရေး ကြော်ငြာတွေမှာ သရုပ်ဆောင်ရာကနေ တစစနဲ့ ပရိသတ်တွေ သိလာခဲ့ကြတာပါ။ ၂၀၁၂ ခုနှစ် မှာတော့ မဟော်ဂနီရုပ်ရှင်ထုတ်လုပ်ရေးနဲ့ စာချုပ်ချုပ်ခဲ့ပြီး ခေါင်းဆောင်မင်းသားအနေနဲ့ ရုပ်ရှင်ကားတွေမှာ ပါဝင်ခွင့် ရရှိခဲ့ပါတယ်။

‘အလင်းရောင်’ လို့ ပရိသတ်တွေက အသိအမှတ်ပြုလာစေခဲ့တဲ့ ထင်ရှားတဲ့ ရုပ်ရှင် ကားတွေကတော့ ၂၀၁၅ ခုနှစ်ထွက် ရုပ်ရှင်ကား ‘ရည်းစားဦး’၊ ၂၀၁၇ ခုနှစ်ထွက် ရုပ်ရှင် ကားတွေဖြစ်တဲ့ ‘ဘယ်ရည်းစားကို အချစ်ဆုံးလဲ’၊ ‘သရဲမ’၊ ‘ဘီလူးမနှင့် မိန်းမပျို’ ဇာတ်ကားတွေ ဖြစ်လာခဲ့ပါတယ်။

၂၀၁၅ ခုနှစ်မှာတော့ မဟော်ဂနီရုပ်ရှင်ထုတ်လုပ်ရေးနဲ့ အဆင်မပြေလို့ လမ်းခွဲခဲ့ပြီးနောက်မှာတော့ သူ့ရဲ့ တကိုယ်တော် တေးအယ်လ်ဘမ်ထွက်ရှိနိုင်ဖို့ ကြိုးစားခဲ့ပြီး ၂၀၁၆ ခုနှစ်မှာတော့ သူ့ရဲ့ ပထမဆုံးတေးအယ်လ်ဘမ် “Oh' My Crush” ထွက်ရှိခဲ့တာ ဖြစ်ပါ တယ်။

လတ်တလောမှာတော့ ၂၀၁၆ ခုနှစ်ကတည်းက လက်တွဲခဲ့တဲ့ ထားဝယ်ရုပ်ရှင် ထုတ်လုပ်ရေးနဲ့ ရုပ်ရှင်ရိုက်ကူးမှုတွေနဲ့အတူ လှုပ်ရှား‌နေခဲ့တာ ဖြစ်ပါတယ်။

၂၀၁၈ ခုနှစ်မှာတော့ အလင်းရောင် ပါဝင်တဲ့ ရုပ်ရှင်ကားတွေ အများစုထွက်ရှိခဲ့ပြီး  ‘ရွှေကြာ’၊ ‘သမ္မတကြီးထံပေးစာ’၊ ‘သတို့သမီး’၊ ‘နောင်တွင်ဥဒါန်းတွင်စေသတည်း’ စတဲ့ ရုပ်ရှင်ကားတွေဟာ ထင်ရှားတဲ့ ရုပ်ရှင်တွေ ဖြစ်ပါတယ်။

အကယ်ဒမီဆန်ခါတင်အနေနဲ့တော့ အလင်းရောင်ဟာ ၂၀၁၅ ခုနှစ်မှာ ရည်းစားဦး၊ ၂၀၁၈ ခုနှစ်မှာ ‘သတို့သမီး’ ရုပ်ရှင်တွေနဲ့ စာရင်းဝင်နေခဲ့ပြီး ASEAN International Film Festival & Awards မှာတော့ ‘ရွှေကြာ’ ရုပ်ရှင်နဲ့ ပါဝင်ခဲ့တာ ဖြစ်ပါတယ်။

မနှစ်က ၂၀၁၉ ခုနှစ်မှာတော့ အလင်းရောင် ပါဝင်တဲ့ ‘ပပဝတီစီရင်ခန်း’၊ ‘ရှေ့သွား နောက်လိုက်’ စတဲ့ ရုပ်ရှင်ကားတွေ ထွက်ရှိထားခဲ့တာပါ။

လတ်တလောမှာတော့ သူ့ရဲ့ အသစ်ထွက် သီချင်းတပုဒ်ဖြစ်တဲ့ ဒီသီချင်းဟာ ပရိသတ်တွေကြား ရေပန်းစားနေခဲ့တာ ဖြစ်ပါတယ်။

“You’re Beautiful, Oh Baby… နှစ်ယောက်မရှိနိုင်အောင် လှလို့ရယ်… I’m so in Love with You, my Girl, my Baby… ခါးသေးရင်ချီလေးမို့ကွယ်… ဖွဲ့လို့ မမီ အောင်လှရက်တယ်… မင်းအလှမှာ ဒူးထောက်လို့ ကိုယ်ရူး… Like a Fool”

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013