DVB Logo
Home
မြန်မာသတင်း
စစ်မှုထမ်းဥပဒေ ထုတ်ပြန်ပြီးနောက် လူအသွားအလာနည်းပြီး တောင်ကြီးညဈေး ရောင်းအားကျ
DVB
·
March 20, 2024
စစ်မှုထမ်းဥပဒေ ထုတ်ပြန်ပြီးနောက် လူအသွားအလာနည်းပြီး တောင်ကြီးညဈေး ရောင်းအားကျ
Donate to DVB

ရှမ်းပြည်နယ်၊ တောင်ကြီးမြို့မှာ ညဘက်ရောင်းချနေတဲ့ ဈေးဆိုင်တွေဟာ စစ်မှုထမ်းဥပဒေ ပြဋ္ဌာန်းပြီးနောက်ပိုင်း ညပိုင်းသွားလာဝယ်ယူသူ လျော့နည်းလာတာကြောင့် ရပ်တည်ရ ခက်လာပြီး ရောင်းအားကျသွားတယ်လို့ ဈေးသည်တွေက ပြောပါတယ်။

အရင်က ၁၀ သိန်းကျော်အထိ ရောင်းအားကောင်းခဲ့တဲ့ ဆိုင်တွေဟာ လက်ရှိမှာ နှစ်သိန်းဝန်းကျင်လောက်အထိသာ ရောင်းနေရပြီး တချို့ဆိုင်တွေက တွက်ချေမကိုက်တော့တာကြောင့် ပိတ်သိမ်းလိုက်ရတာတွေလည်း ရှိတယ်လို့ သိရပါတယ်။

ညဈေးသည်တဦးက “အရင်ကဆို ၁၀ နာရီထိ ရောင်းရတယ်။ အခုတလော ရောင်းရတာ တော်တော်ကို အဆင်မပြေဘူး။ မဲနှိုက်ပြီး ခေါ်တာတွေလည်း ရှိတော့ လူတွေက ကြောက်ကြတယ်။ ပြီးတော့ လမ်းပေါ်မှာလည်း စစ်ကားတွေနဲ့ ကင်းချထားတယ်။ ဒီဟာတွေ မလုံခြုံတော့ လူတွေ ထွက်မစားတာပေါ့။ ညနေပိုင်းလောက်ပဲ လူရှိတာ၊ ၈ နာရီကျော်ရင် လူကုန်ပြီ” လို့ ပြောပါတယ်။

တောင်ကြီးမြို့ မြို့မဈေးအနီး ညဈေးတန်း၊ စိုက်ပျိုးရေးရုံးအနီးရှိ ညဈေးတန်းနဲ့ အထက ၃ အနီး ညဈေးတန်းကို အရင်က ပြည်တွင်းခရီးသွားတွေနဲ့ လာရောက်လည်ပတ်သူ စည်ကားခဲ့ပေမဲ့ လတ်တလောမှာတော့ မြိုခံတွေတောင်မှ အနည်းအကျဉ်းသာ လာတော့တယ်လို့ သိရပါတယ်။

BBQ ဆိုင်ရှင်တဦးက “အရင်ကဆို ဆိုင်တွေလည်း အများကြီး ဟိုးဘက်အထိရှိတယ်။ ဆိုင်တိုင်းရောင်းရတယ်။ ပေါ်တာဆွဲတာကို ဒီလာစားတဲ့လူတွေပဲ ကြောက်တာမဟုတ်ဘူး၊ ဆိုင်သမားတွေလည်း ကြောက်တယ်။ တချို့ညဆို ညဈေးတန်းထဲထိ စစ်သားတွေဝင်လာတယ်။ အမှန်ဆို ရာသီဥတု နွေးလာတဲ့ အခုချိန်မှာ လူတွေပိုထွက်ကြတာ။ အခုက အရင်လောက် သိပ်မအေးတော့ဘူးလေ။ အခုဆို အဲ့ဆောင်းရာသီတွေထက်တောင် လူကနည်းနေတာ” လို့ ပြောပါတယ်။

စစ်မှုထမ်းအတွက် ရပ်ကွက်အလိုက် ဦးရေသတ်မှတ်ပြီး မဲနှိုက်စနစ်နဲ့ ခေါ်ယူနေတာပါ။

စစ်ကောင်စီက ဖေဖော်ဝါရီ ၁၁ ရက်မှာ စစ်မှုထမ်းဥပဒေ ပြဋ္ဌာန်းပြီးတဲ့နောက်ပိုင်း ရွှေတောင်ရပ်ကွက်နဲ့ ဘုရားဖြူရပ်ကွက် စစ်ဆေးရေးဂိတ်တွေမှာ ညဘက် ၈ နာရီနောက်ပိုင်း သွားလာတဲ့ လူငယ်တွေကို စစ်ဆေးတာတွေ ပြုလုပ်နေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013