DVB Logo
Home
မြန်မာသတင်း
စစ်ကောင်စီ အောင်ဘာလေထီ ကျပ်သန်း ၅၅၀ ကျော် ရောင်းအားကျ
DVB
·
November 30, 2023
စစ်ကောင်စီ အောင်ဘာလေထီ ကျပ်သန်း ၅၅၀ ကျော် ရောင်းအားကျ
Donate to DVB

စစ်ကောင်စီရဲ့ အောင်ဘာလေထီရောင်းအားဟာ အောက်တိုဘာလထက်စာရင် ကျပ်သန်း ၅၅၀ ကျော်အထိ ရောင်းအားကျဆင်းသွားတယ်လို့ အောင်ဘာလေသိန်းဆုဌာနရဲ့ ထုတ်ပြန်ချက်စာရင်းတွေအရ သိရပါတယ်။

စစ်ကောင်စီအနေနဲ့ နိုဝင်ဘာလမှာ အောက်တိုဘာလနည်းတူ ထီအက္ခရာ ၁၁ လုံး ရိုက်နှိပ်ရောင်းချခဲ့တာဖြစ်ပြီး ရောင်းမကုန် ထီလက်မှတ် အများအပြားကျန်နေခဲ့တာဖြစ်ပါတယ်။

နိူဝင်ဘာလမှာ ထီအုပ်ရေ ၅၆၀,၀၀၀ ကျော်ရောင်းချနိုင်ခဲ့တယ်လို့ အောင်ဘာလေသိန်းဆုဌာနက ဒီနေ့မှာ ထုတ်ပြန်ခဲ့ပြီး အဲဒီရောင်းရထီအုပ်ရေဟာ အောက်တိုဘာလနဲ့ယှဥ်ရင် အုပ်ရေ ၅၅,၀၀၀ ကျော် ကျဆင်းသွားတာဖြစ်ပါတယ်။

ဝါရင့် ထီကိုယ်စားလှယ်တဦးက "ထီစျေးကွက်က လူတစုစာအတွက်လောက်ပဲ ကွက်ကွက်လေး ရှိနေတာ။ အဲဒီကြားကမှ ရောင်းအားက ကျပြီးရင်း ကျနေတဲ့ သဘောဖြစ်နေတယ်။ မဖြစ်မနေ ဝယ်ရတဲ့ တပ်ထဲကသူတွေကြားထဲလည်း ရောင်းအားကျလာနေတယ်လို့ ကြားနေရတယ်" လို့ ပြောပါတယ်။

စစ်ကောင်စီဟာ ပုံနှိပ်ထီအပြင် အွန်လိုင်းထီကိုပါ စျေးကွက်ထဲ ရောင်းချမှုတွေ လုပ်နေပေမယ့် လူထုကြားထဲ စိတ်ဝင်တစားမရှိကြဘူးလို့ ထီလုပ်ငန်းအသိုက်အဝန်းက ဆိုပါတယ်။

လက်ရှိ ထီအက္ခရာ ၁၁ လုံးထုတ်တဲ့အထဲက စောင်ရေ ၇၅ ရာခိုင်နှုန်းကို ပုံနှိပ်ထီကနေ ရောင်းချပေးပြီး ကျန်စောင်ရေကို အွန်လိုင်းထီက ရောင်းနေတာဖြစ်ပါတယ်။

အွန်လိုင်းထီကို စစ်တပ်လုပ်ငန်းငန်းစုဖြစ်တဲ့ Mytel က နည်းပညာပိုင်း ဖက်စပ်လုပ်ကိုင်ခွင့်ရရှိထားတာလည်း ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းပြီးတဲ့နောက် ပြည်သူတွေက စစ်ကောင်စီအတွက် ဝင်ငွေရလမ်းကို ဆန့်ကျင်ခဲ့ကြရာမှာ အောင်ဘာလေထီဟာ တခုအပါအဝင်ဖြစ်ပြီး အခုထိ ရောင်းအားကျဆင်းမှု နဲ့ ကြုံနေရတာလို့ ထီကိုယ်စားလှယ်တဦးက ဆိုပါတယ်။

၂၀၂၁ စစ်တပ် အာဏာသိမ်းမူမတိုင်ခင်က လစဥ်ထီအက္ခရာအလုံးရေ ၄၀ ကျော်ထုတ်ရောင်းရပြီး လကုန်ရက်မတိုင်ထီဆိုင်တွေမှာ ထီလက်မှတ် လက်ကျန်မရှိလောက်အောင်အထိ ရောင်းအားကောင်းခဲ့တာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013