DVB Logo
Home
အားကစား
အရှုံးကို လက်မခံသည့် တူရကီပရိသတ်များက ပြိုင်ဘက်ကစားသမားများကို ကွင်းထဲဝင်ပြီး တိုက်ခိုက်
DVB
·
March 18, 2024
အရှုံးကို လက်မခံသည့် တူရကီပရိသတ်များက ပြိုင်ဘက်ကစားသမားများကို ကွင်းထဲဝင်ပြီး တိုက်ခိုက်
Donate to DVB

တူရကီလိဂ်ဘောလုံးပြိုင်ပွဲတပွဲမှာ  အရှုံးကို လက်မခံနိုင်တဲ့ ပရိသတ်တွေက ပြိုင်ဘက်အသင်းရဲ့ ကစားသမားတွေကို ကွင်းထဲဝင်ပြီး တိုက်ခိုက်ခဲ့ကြပါတယ်။

မတ် ၁၇ ရက် မနေ့ညက ကစားခဲ့တဲ့ တူရကီစူပါလိဂ်ပွဲစဉ်မှာ အိမ်ရှင် ထရတ်ဇွန်စပေါ် အသင်းက ပြိုင်ဘက် ဖီနာဘာချီအသင်းကို ၃ ဂိုး ၂ ဂိုးနဲ့ ရှုံးနိမ့်ခဲ့ပါတယ်။

ပွဲအပြီးမှာတော့ အရှုံးရလဒ်အပေါ် လက်မခံနိုင်ကြတဲ့ ထရတ်ဇွန်စပေါ်အသင်း ပရိသတ်တွေက ကွင်းထဲဝင်ပြီး ဖီနာဘာချီ ကစားသမားတွေကို တိုက်ခိုက်ခဲ့ကြတာပါ။

အိုဆာရီ ဆင်မြူရယ်၊ ဘတ်ရူအာယီတို့ အပါအဝင် ဖီနာဘာချီကစားသမားတွေဟာ လုံခြုံရေးတွေရဲ့ အကူအညီနဲ့ ကွင်းထဲကနေ ထွက်ခဲ့ရပါတယ်။

ဖီနာဘာချီအတွက် အနိုင်ဂိုးကို ပွဲချိန် ၈၇ မိနစ်မှာ ဘတ်ရူအာယီက သွင်းယူခဲ့ပြီးနောက် ကွင်းထဲကနေ အရာဝတ္ထုတွေနဲ့ ပစ်ပေါက်ခဲ့ကြပါသေးတယ်။

ဘောလုံးက ချစ်ကြည်ရင်းနှီးမှုသာ ဖြစ်သင့်ပြီး အကြမ်းဖက်မှုတွေက လုံးဝ လက်ခံနိုင်စရာမရှိကြောင်း တူရကီ ယာယီဝန်ကြီး အလီယာလီကာယာက တွစ်တာကနေ မှတ်ချက်ပေးပါတယ်။

တူရကီလိဂ်ဟာ အကြမ်းဖက်တိုက်ခိုက်မှုတွေ ဖြစ်လေ့ရှိပြီး ပြီးခဲ့တဲ့လပိုင်းကလည်း ကွင်းလယ်ဒိုင်လူကြီး အူမွတ်မယ်လာကို အန်ကာရာဂူဆီအသင်းဥက္ကဋ္ဌက ကွင်းထဲဝင်ပြီး ထိုးကြိတ်ခဲ့ပါသေးတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013