DVB Logo
Home
အားကစား
အပြောင်းအရွှေ့ဖြစ်လာမည်ဆိုပါက နှစ်ဦးနှစ်ဖက် အဆင်ပြေဟု တိုက်စစ်မှူး တိုနေး ပြော
DVB
·
March 17, 2024
အပြောင်းအရွှေ့ဖြစ်လာမည်ဆိုပါက နှစ်ဦးနှစ်ဖက် အဆင်ပြေဟု တိုက်စစ်မှူး တိုနေး ပြော
Donate to DVB

ဘရန်ဖို့ဒ်အသင်းက ရောင်းချလို့ အပြောင်းအရွှေ့ဖြစ်လာမယ်ဆိုရင် နှစ်ဦးနှစ်ဖက် အဆင်ပြေမှာ ဖြစ်ကြောင်း တိုက်စစ်မှူး အိုင်ဗန်တိုနေးက ပြောသွားပါတယ်။

တိုနေးဟာ မနှစ်ကရာသီမှာ အသင်းအတွက် ၂၁ ဂိုးသွင်းခဲ့ပြီး အာဆင်နယ်အသင်းက ခေါ်ယူဖို့ ချိတ်ဆက်ခဲ့ပါသေးတယ်။

အခုနှစ်ရာသီ အကုန်မှာ အသင်းဘက်ကရောင်းချမယ်ဆိုရင် အသင်းအတွက် ဘဏ္ဍာရေးဆိုင်ရာ တောင့်တင်းသွားနိုင်သလို သူ့အနေနဲ့လည်း ရီးရဲလ်မက်ဒရစ်အသင်းဆီပြောင်းရွှေ့မှာဖြစ်ပြီး နှစ်ဦးနှစ်ဖက်အဆင်ပြေတဲ့ အပြောင်းအရွှေ့ဖြစ်ကြောင်း စကိုင်းစပေါ့နဲ့ အင်တာဗျူးမှာ တိုနေးက အရွှန်ဖောက် ပြောသွားခဲ့တာပါ။

ဘရန့်ဖို့ဒ်နည်းပြ သောမက်စ်ဖရန့်ကလည်း လာမယ့် နွေရာသီမှာ တိုနေးကို ရောင်းချနိုင်ကြောင်း ဝန်ခံ ထားပါတယ်။

Photo-Reuters/Andrew Boyers

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013