DVB Logo
Home
မြန်မာသတင်း
ဖေဖော်ဝါရီလအတွင်း ဧရာဝတီတိုင်းတွင် ရိုဟင်ဂျာ ၈၀ ကျော် ဖမ်းဆီးခံရ
DVB
·
March 17, 2024
ဖေဖော်ဝါရီလအတွင်း ဧရာဝတီတိုင်းတွင် ရိုဟင်ဂျာ ၈၀ ကျော် ဖမ်းဆီးခံရ
Donate to DVB

ဧရာဝတီတိုင်းမှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလအတွင်း ရိုဟင်ဂျာအယောက် ၈၀ ကျော် စစ်ကောင်စီတပ်ရဲ့ ဖမ်းဆီးတာခံခဲ့ရတယ်လို့ စစ်ကောင်စီတပ်နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁ ရက်ကနေ ၂၉ ရက်အထိ ၁ လအတွင်း ကုန်းလမ်း ရေလမ်းတွေကနေ တဆင့် ဧရာဝတီတိုင်းထဲကို ဝင်လာတဲ့ ရိုဟင်ဂျာ အမျိုးသား ၅၁ ယောက်၊ အမျိုးသမီး ၃၂ ယောက်ကို စစ်ကောင်စီတပ်နဲ့ ရဲတွေက ဖမ်းဆီးခဲ့တာလို့ ဆိုပါတယ်။

စစ်ကောင်စီတပ်နဲ့ နီးစပ်သူတယောက်က “အဖမ်းခံရတဲ့ ရိုဟင်ဂျာတွေက ရခိုင်ဘက်ကနေလာတဲ့ ရိုဟင်ဂျာတွေပါ။ အဖမ်းခံထားရတဲ့အထဲ အမျိုးသမီးတွေလည်းပါတယ်။ စစ်ကောင်စီတပ်တွေက ကင်းလှည့်ရင်းတွေ့တော့ အဖမ်းခံရတာ။ ရေလမ်းကနေလာလို့ အဖမ်းခံရတဲ့သူတွေ များတယ်။ စစ်ဆေးတော့ မလေးရှားနိုင်ငံဘက် သွားမလို့ထွက်လာတာလို့ ပြောတယ်လို့ သိရတယ်” လို့ ပြောပါတယ်။

လက်ရှိ အဖမ်းခံထားရတဲ့ ရိုဟင်ဂျာတွေကို ဘယ်ပုဒ်မနဲ့မှ အရေးယူ အမှုဖွင့်မထားသေးဘဲ ရဲစခန်းတွေမှာ ချုပ်နှောင်ထားပြီး အရင်ကတော့ ရိုဟင်ဂျာတွေကို စစ်ကောင်စီတပ်က ဖမ်းဆီးပြီး လဝက ဥပဒေနဲ့ အမှုဖွင့် ထောင်ချတာ များတယ်လို့ ရိုဟင်ဂျာတွေကို ကူညီပေးနေသူတွေဆီက သိရပါတယ်။

ကူညီပေးနေသူတယောက်က “အရင်က အဖမ်းခံရတဲ့ရိုဟင်ဂျာတွေကို လဝက ဥပဒေနဲ့အမှုဖွင့် ထောင်ချတာ များတယ်။ အခုတော့ ရခိုင်ဘက်ပြန်ပို့မယ်လို့လည်း ကြားနေတယ်။ ရခိုင်ပြည်ဘက်မှာ စစ်ရေးမတည်မငြိမ်တာတွေနဲ့ ရိုဟင်ဂျာတွေကို စစ်ကောင်စီတပ်တွေနဲ့ ဝန်ထမ်းတွေက ခွဲခြား ဆက်ဆံဖိနှိပ်ခံရတာတွေကြောင့် တဆက်တည်းရှိနေတဲ့ ဧရာဝတီတိုင်းထဲ ဝင်လာတာ။ ဦးတည်တာက မလေးပေါ့။ လိုရာခရီး မရောက်ဘဲ အဖမ်းခံရတာ” လို့ ပြောပါတယ်။

အဲဒီ ရိုဟင်ဂျာတွေကို သာပေါင်းမြို့နယ်၊ ဝါးခယ်မမြို့နယ်၊ ရွှေသောင်ယံမြို့၊ ကြံခင်းမြို့နယ် စတဲ့ မြို့နယ်တွေမှာ ဖမ်းဆီးခဲ့တာဖြစ်ပြီး ဖေဖော်ဝါရီလရဲ့ ပထမအပတ်ထဲမှာ အများဆုံး ဖမ်းဆီးခဲ့တာလို့ သိရပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ ဇန်နဝါရီလတုန်းကလည်း ဧရာဝတီတိုင်းထဲ ရောက်လာတဲ့ ရိုဟင်ဂျာ ၁၀၁ ယောက်ကို စစ်ကောင်စီတပ်နဲ့ ရဲတွေက ဖမ်းဆီးခဲ့ပါသေးတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013