DVB Logo
Home
မြန်မာသတင်း
မွန်ပြည်နယ်တွင် သင်္ကြန်ပွဲတော်ကို စည်ကားစွာကျင်းပရန် စစ်ကောင်စီ 
DVB
·
March 17, 2024
မွန်ပြည်နယ်တွင် သင်္ကြန်ပွဲတော်ကို စည်ကားစွာကျင်းပရန် စစ်ကောင်စီ 
Donate to DVB

မွန်ပြည်နယ်မှာ မဟာသင်္ကြန်ပွဲတော်ကို အရင်နှစ်တွေကထက် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားဖို့ ပြည်နယ်ဝန်ကြီးတွေအနေနဲ့ အခုကတည်းက ကြိုတင်ဆောင်ရွက်သွားဖို့ စစ်ကောင်စီခန့် မွန်ပြည်နယ်ဝန်ကြီးချုပ်က မတ် ၁၃ ရက်က ကျင်းပတဲ့ သင်္ကြန်ပွဲတော်ကျင်းပရေး ညှိနှိုင်းအစည်းအဝေးပွဲမှာ ပြောသွားပါတယ်။

မော်လမြိုင်မြို့၊ မွန်ပြည်နယ်အစိုးရရုံး အောင်ဆန်းခန်းမမှာ မတ် ၁၃ ရက်က မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲ ကျင်းပရေးနဲ့ ရွှေရတုမွန်ပြည်နယ် အခမ်းအနားကျင်းပရေး အစည်းအဝေးပွဲကို ပူးတွဲ ကျင်းပခဲ့ပါတယ် ည။

မော်လမြိုင်အုပ်ချုပ်ရေးမှူးနဲ့နီးစပ်သူတဦးက “ဝန်ကြီးက မြို့နယ်အုပ်ချုပ်ရေးအဖွဲ့တွေကတဆင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေကို ညွှန်ကြားပြီး ရပ်ကွက်တွေကနေစပြီး စည်ကား‌အောင်လုပ်မှာ။ လူငယ်အများစု သင်္ကြန်မဆော့ရတာ ကြာနေတော့ စစ်မှုမထမ်းမနေရစနစ် မရှိရင် ဒီနှစ်က စည်မှာ သေချာတယ်။ အခု အဲစနစ်ကြောင့် ဒီနှစ်သင်္ကြန်က စည်ကားဖို့မရှိတော့ဘူး” လို့ ပြောပါတယ်။

မွန်ပြည်နယ်မှာ သင်္ကြန်ပွဲတော်ကို စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ဖို့အတွက် လုံခြုံရေး အထူးတင်းကျပ် လုပ်ဆောင်ဖို့ကိုလည်း မွန်ဝန်ကြီးချုပ်က ပြောသွားခဲ့ပါတယ်။

စစ်ကောင်စီ ကျင်းပတဲ့သင်္ကြန်ပွဲမှာ လူငယ်အများစု ပါဝင်ဆင်နွှဲဖို့ အစီအစဉ်မရှိဘူးလို့ မော်လမြိုင်မြို့ရှိ ဆယ်ကျော်သက်လူငယ်တဦးက‌ ပြောပါတယ်။

“သူတို့ဖွင့်တဲ့ကျောင်းတောင်မတက်တာ အချိန်မရွေး ဒုက္ခရောက်သွားနိုင်တဲ့ သင်္ကြန်ဆို အဝေးကြီးပေါ့။ သင်္ကြန်မှာလည်း သူတို့ မဖမ်းနိုင်ဘူးလို့ အာမမှမခံနိုင်တာ။ ဘယ်လူငယ်မှလည်း သင်္ကြန်ကို စိတ်မဝင်စားပါဘူး။  အကုန်လုံးက စားဝတ်နေရေးကြောင့် ရုန်းကန်နေရတာပဲ” လို့ ပြောပါတယ်။

မွန်ပြည်နယ်မှာ မနှစ်သင်္ကြန်ပွဲကလည်း မဏ္ဍပ်တွေမှာ ရေကစားသူမရှိသလောက် နည်းပါးနေတဲ့အတွက် ဌာနဆိုင်ရာဝန်ထမ်းတွေကို အလည့်ကျလာခိုင်းတယ်လို့ ဒေသခံတွေက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013