DVB Logo
Home
မြန်မာသတင်း
ရန်ကုန် မြို့နယ်အချို့၌ စစ်မှုထမ်းရန် စာရင်းကောက်ပြီး ရပ်ကွက်ရုံးက လူတွေ့ခေါ်ယူနေ
DVB
·
March 15, 2024
ရန်ကုန် မြို့နယ်အချို့၌ စစ်မှုထမ်းရန် စာရင်းကောက်ပြီး ရပ်ကွက်ရုံးက လူတွေ့ခေါ်ယူနေ
Donate to DVB

စစ်ကောင်စီက စစ်မှုမထမ်းမနေရဥပဒေကို တရားဝင် အတည်ပြုကြောင်း ကြေညာခဲ့ပြီး နောက်ပိုင်း ရန်ကုန်က မြို့နယ်တချို့မှာ စစ်မှုထမ်းစာရင်း ကောက်ပြီးနောက် ရပ်ကွက်ရုံးတွေမှာ လူတွေ့ခေါ်ယူနေကြောင်း မြို့ခံတွေထံက သိရပါတယ်။

ဒေါပုံမြို့နယ်နေ အမျိုးသမီးတဦးက “မနေ့က မနက်ပိုင်းလောက်မှာ ကျမသားနာမည်နဲ့ ရပ်ကွက်ရုံးက စာတစောင် ရောက်လာလို့ ကလေးက ရန်ပဲဖြစ်လာတာလား၊ ဘာဖြစ်လာလဲလို့မေးတော့ ကျမသားကလည်း ဘာမှမဖြစ်ထားဘူးဆိုတော့ ရုံးကို ကျမကိုယ်တိုင် သွားခဲ့တာပါ။ ရုံးရောက်တော့မှ မဖြစ်မနေ စစ်မှုထမ်းရမယ်ဆိုပြီး ပြောတော့တာ။ သင်တန်းကာလက ခြောက်လတက်ရမယ်။ သင်တန်းဆင်းပြီးရင် တနှစ်နဲ့ ခြောက်လ စစ်မှုထမ်းတာဝန် ထမ်းဆောင်ရမယ်။ ကာလအားဖြင့် နှစ်နှစ်ကြာမှာပေါ့။ သင်တန်းတက်တဲ့ အချိန်ကစပြီး တလကို လစာ ၄၇၀,၀၀၀ ပေးမယ်ဆိုပြီးပြောတယ်” လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၀ ရက်က စစ်မှုမထမ်းမနေရ ဥပဒေကို စစ်ကောင်စီက တရားဝင် အတည်ပြုကြောင်း ကြေညာခဲ့ပြီးနောက် စစ်တပ်ပိုင်မီဒီယာတချို့က ချက်ချင်းခေါ်ယူမှာ မဟုတ်ကြောင်း ဖော်ပြထားပေမဲ့ မတ်လ အစပိုင်းက စတင်ကာ ရန်ကုန်မြို့က မြို့နယ်တချို့မှာ စစ်မှုထမ်းဖို့ လာရောက်ခေါ်ဆောင်ခံနေရတာလို့ သိရပါတယ်။

ဒဂုံမြို့နယ်(အရှေ့ပိုင်း)မှာ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း စစ်မှုထမ်းဖို့ လူစာရင်း လိုက်လံကောက်ခံခဲ့ပြီး သုံးရက်အကြာမှာ စာရင်းပါလူငယ်တချို့ကို လာရောက်ခေါ်ဆောင်သွား​တယ်လို့ လူငယ်တဦးက ပြောပါတယ်။

“ရပ်ကွက်ထဲ စာရင်းလာကောက်တုန်းက ကျနော်အလုပ်ဆင်းနေလို့ မသိလိုက်ဘူး။ အိမ်ပြန်ရောက်တော့မှ အမေက သားနာမည်ကို စာရင်းထဲထည့်သွားပြီလို့ ပြောတယ်။ နောက်နေ့ညနေမှာပဲ စာရင်းထဲပါတဲ့ လူတချို့ကို လာခေါ်သွားတာ။ ကျနော့်ကိုလည်း ဘယ်နေ့လာခေါ်ကြမလဲဆိုတာ မသိသေးဘူး။ ကိုယ့်အိမ်မှာ ကိုယ်နေပြီး ကြောက်နေရတယ်။”

ပြီးခဲ့တဲ့ မတ် ၁၃ ရက်က ရန်ကုန်တိုင်းထဲက မရမ်းကုန်း၊ မင်္ဂလာတောင်ညွန့်၊ ဒလ၊ ဒေါပုံ၊ ဆိပ်ကြီးခနောင်တို၊ ဒဂုံမြို့သစ် (တောင်ပိုင်း) နဲ့ (အရှေ့ပိုင်း)၊ သင်္ဃန်းကျွန်းမြို့နယ်တွေက ရပ်ကွက်တချို့မှာ စစ်မှုထမ်းဖို့ အသက်ပြည့်မီသူတွေကို ရပ်ကွက်ရုံးကို ခေါ်ယူကာ မဲနှိုက်ရွေးချယ်တာတွေ ပြုလုပ်ခဲ့ကြောင်းနဲ့ ရပ်ကွပ်တခုကို ငါးဦး ခေါ်ဆောင်သွားကြောင်း ဒေသခံတွေဆီက သိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013