DVB Logo
Home
အားကစား
ကစားသမား၏ဆန္ဒကြောင့် ဘန်ဝှိုက်ကို ချန်လှပ်ခဲ့ဟု  နည်းပြ ဆောက်ဂိတ်ရှင်းလင်း
DVB
·
March 15, 2024
ကစားသမား၏ဆန္ဒကြောင့် ဘန်ဝှိုက်ကို ချန်လှပ်ခဲ့ဟု  နည်းပြ ဆောက်ဂိတ်ရှင်းလင်း
Donate to DVB

အင်္ဂလန်လက်ရွေးစင်အသင်းမှာ အာဆင်နယ်နောက်ခံလူ ဘန်ဝှိုက်ကို ချန်လှပ်ခဲ့တာက ကစားသမားဖြစ်သူရဲ့ ဆန္ဒကြောင့်ဖြစ်ကြောင်း နည်းပြဆောက်ဂိတ်က ရှင်းလင်းသွားပါတယ်။ အင်္ဂလန်နည်းပြဆောက်ဂိတ်ဟာ လာမယ့် နိုင်ငံတကာခြေစမ်းပွဲစဉ်တွေအတွက် အသင်းလူစာရင်းကို ထုတ်ပြန်ကြေညာခဲ့ရာမှာ အာဆင်နယ်မှာ ခြေစွမ်းပြနေတဲ့ ဘန်ဝှိုက်ကို ဆက်လက်ချန်လှပ်ခဲ့တာပါ။

နည်းပြဆောက်ဂိတ်ကတော့ ဘန်ဝှိုက်ကို ချန်လှပ်ခဲ့တာက ကစားသမားဖြစ်သူကိုယ်တိုင် အသင်းအတွက် ကစားချင်တဲ့ ဆန္ဒမရှိကြောင်း ထုတ်ဖော်ပြောပြလာတဲ့အတွက်ဖြစ်ကြောင်း၊ ဒီအခြေအနေဟာ မိမိအတွက် ရှက်စရာ ကောင်းတဲ့ကိစ္စ ဖြစ်ကြောင်း နည်းပြဆောက်ဂိတ်က ပြောပါတယ်။

အင်္ဂလန်အတွက် ကစားချင်တဲ့ဆန္ဒမရှိတာက ရှင်းလင်းတဲ့အကြောင်းပြချက်ရှိနိုင်ပေမဲ့ သေချာ မသိရှိကြောင်း၊ အသင်းနည်းပြတဦးနဲ့ ပြဿနာဖြစ်တယ်ဆိုသတင်းတွေက အကြောင်းပြချက် မဖြစ်နိုင်ကြောင်း နည်းပြဆောက်ဂိတ်က ပြောပါတယ်။

ဘန်ဝှိုက်ဟာ ကစားသမားကောင်းတဦး ဖြစ်တာကြောင့် အသင်းအတွက်ပြန်ကစားမယ်ဆိုရင် အမြဲတမ်းတံခါးဖွင့်ထားကြောင်း နည်းပြဆောက်ဂိတ်က ပြောသွားပါတယ်။

Photo-Reuters

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013