DVB Logo
Home
နိုင်ငံတကာ
အိန္ဒိယနိုင်ငံတွင် နိုင်ငံသားဖြစ်ခွင့်ဥပဒေကို ဆန့်ကျင်ဆန္ဒပြ 
DVB
·
March 13, 2024
အိန္ဒိယနိုင်ငံတွင် နိုင်ငံသားဖြစ်ခွင့်ဥပဒေကို ဆန့်ကျင်ဆန္ဒပြ 
Donate to DVB

မွတ်စလင်တွေကို ခွဲခြားဆက်ဆံခြင်းအတွက် ဝေဖန်ခံနေရတဲ့ နိုင်ငံသားဖြစ်ခွင့်ဥပဒေကို အိန္ဒိယနိုင်ငံမှာ ဆန့်ကျင်ဆန္ဒပြမှုတွေ ကြိုကြားကြိုကြား ဖြစ်ပွားနေပါတယ်။

အာသံမှာ ဆန္ဒပြသူတွေဟာ မတ်လ ၁၁ ရက်ညပိုင်းက ဥပဒေစာရွက် ကော်ပီမိတ္တုတွေကို မီးရှို့၊ ကြွေးကြော်သံတွေကိုလည်း ကြွေးကြော်ခဲ့ပြီး မတ်လ ၁၂ ရက်မှာတော့ ဒေသဆိုင်ရာ အတိုက်အခံ ပါတီတွေက ပြည်နယ်အနှံ့ ဆန္ဒပြ တောင်းဆိုခဲ့ကြပါတယ်။

ကယ်ရာလာပြည်နယ်မှာတော့ လက်ဝဲဒီမိုကရက်တစ်တပ်ဦး (LDF) မှ ဆန္ဒပြသူတွေဟာ ဥပဒေကို ကန့်ကွက်တဲ့အနေနဲ့ မနေ့က ချီတက်ဆန္ဒပြခဲ့ကြပါတယ်။

အတိုက်အခံကွန်ဂရက်ခေါင်းဆောင် ရှာရှီးသာရောက “ဒါဟာ ပထမဆုံးအကြိမ် နိုင်ငံသားဖြစ်ခွင့် မူအရ ကိုးကွယ်ယုံကြည်မှုတခုကြောင့် လူတွေကို ဖယ်ထုတ်ပြီးတော့ အမှန်တကယ်ကို ခွဲခြားဆက်ဆံမှုရှိတဲ့ ဥပဒေတရပ်ကို လုပ်ဆောင်နေတာပဲ” လို့ ပြောပါတယ်။

ပါကစ္စတန်နိုင်ငံမှ ဟိန္ဒူဒုက္ခသည်တွေကတော့ သူတို့ကို ဒီနိုင်ငံရဲ့ နိုင်ငံသားဖြစ်ခွင့်ကို ပေးအပ်လိုက်တဲ့အပေါ် ဒီဥပဒေကို ကြိုဆိုကြပြီး အိန္ဒိယအစိုးရကို ကျေးဇူးတင်ကြောင်း ပြောကြပါတယ်။ 

အိန္ဒိယမှာ နှစ်ပေါင်း ၇၀ ကြာ နေထိုင်လာခဲ့ပေမဲ့ ဘယ်သူကမှ သူတို့ကို အိန္ဒိယနိုင်ငံသားလို မဆက်ဆံကြဘဲ ပါကစ္စတန်နိတွေလို့ပဲ ခေါ်ဝေါ်နေကြကြောင်းနဲ့ အမြဲမျှော်လင့်နေတဲ့ အိန္ဒိယနိုင်ငံသား ဖြစ်ခွင့်ရတဲ့အတွက် ဂုဏ်ယူဝမ်းသာကြောင်း ပါကစ္စတန်နိုင်ငံမှ ဟိန္ဒူဒုက္ခသည် မီရာက ပြောပါတယ်။

အိန္ဒိယဝန်ကြီးချုပ် နာရန်ဒြာမိုဒီရဲ့ ဟိန္ဒူအမျိုးသားရေးဝါဒီ ဘာရာတီယာ ဂျနာတာ ပါတီ (BJP) အစိုးရက တနင်္လာနေ့မှာ နိုင်ငံသားဖြစ်မှုဆိုင်ရာ ပြင်ဆင်ချက်အက်ဥပဒေ (CAA) ကို အကောင်အထည်ဖော်ဖို့ စည်းမျဉ်းတွေကို သတ်မှတ်ခဲ့တာကြောင့် မွတ်ဆလင် အများစု နေထိုင်ကြတဲ့ တောင်အာရှနိုင်ငံ ၃ နိုင်ငံမှ မွတ်ဆလင် မဟုတ်တဲ့ ဒုက္ခသည်တွေအတွက် အိန္ဒိယနိုင်ငံသား ဖြစ်ခွင့်ရဖို့ လွယ်ကူစေပါတယ်။ 

၂၀၁၉ ခုနှစ်တုန်းက အဲဒီဥပဒေကို အတည်ပြုပြဋ္ဌာန်းလိုက်ခြင်းကြောင့် ဆန္ဒပြပွဲကြီးတွေနဲ့ လူမျိုးရေး အကြမ်းဖက်မှုတွေ ဖြစ်ပွားခဲ့ပြီး အစိုးရက အကောင်အထည်ဖော်မှု နှောင့်နှေးခဲ့တာ ဖြစ်ပါတယ်။ 

Source/Photo-REUTERS/Sivaram

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013