DVB Logo
Home
အားကစား
ဘာစီလိုနာနှင့် အာဆင်နယ်အသင်း  ချန်ပီယံလိဂ် ကွာတားဖိုင်နယ်တက် 
DVB
·
March 13, 2024
ဘာစီလိုနာနှင့် အာဆင်နယ်အသင်း  ချန်ပီယံလိဂ် ကွာတားဖိုင်နယ်တက် 
Donate to DVB

မတ် ၁၃ ရက် ဒီမနက်က ယှဉ်ပြိုင်ကစားသွားတဲ့ ဥရောပချန်ပီယံလိဂ်ပွဲစဉ်တွေမှာ ဘာစီလိုနာနဲ့ အာဆင်နယ်အသင်းတွေက ပြိုင်ဘက်တွေကို အသီးသီးအနိုင်ရပြီး ကွာတားဖိုင်နယ် အဆင့် တက်လှမ်းသွားပါတယ်။

ဘာစီလိုနာအသင်းဟာ အီတလီကလပ်နာပိုလီနဲ့ ပထမအကျော့ အဝေးကွင်းပွဲစဉ်မှာ ၁ ဂိုး စီသရေကျခဲ့ပြီး ဒီနေ့မနက်  ဒုတိယအကျော့အိမ်ကွင်းပွဲစဉ်မှာ ၃ ဂိုး ၁ ဂိုးနဲ့ နိုင်ပွဲရယူပြီး ကွာတားဖိုင်နယ်ကို တက်လှမ်းနိုင်ခဲ့တာပါ။

အာဆင်နယ်အသင်းဟာလည်း ပထမအကျော့မှာ ပေါ်တူဂီကလပ် ပေါ်တိုကို ၁ ဂိုး ဂိုးမရှိနဲ့ ရှုံးနိမ့်ခဲ့ပေမဲ့ ဒုတိယအကျော့မှာ  ၁ ဂိုး ဂိုးမရှိရလဒ်နဲ့ပဲ နိုင်ပွဲပြန်ရခဲ့တာပါ။

နှစ်ကျော့ပေါင်းရလဒ်တူညီနေလို့ အချိန်ပိုအထိရောက်ခဲ့ပြီး အချိန်ပိုမှာလည်း ဂိုးမရခဲ့ကြတာကြောင့် ပင်နယ်တီအဆုံးအဖြတ်ခံယူခဲ့ရာမှာ အာဆင်နယ်အသင်းက ၄ ဂိုး ၂ ဂိုးနဲ့ အနိုင်ရခဲ့တာပါ။

အာဆင်နယ်အသင်းဟာ ၂၀၁၀ ပြည့်နှစ်နောက်ပိုင်း ပထမဆုံးအကြိမ် ကွာတားဖိုင်နယ် တက်ရောက်နိုင်ခဲ့တာ ဖြစ်ပါတယ်။

Photo-Reuters

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013