DVB Logo
Home
အားကစား
မန်စီးတီးဂိုးသမား အီဒါဆန် ပေါင်ခြံဒဏ်ရာကြောင့် တလနီးပါး အနားယူရမည်
DVB
·
March 12, 2024
မန်စီးတီးဂိုးသမား အီဒါဆန် ပေါင်ခြံဒဏ်ရာကြောင့် တလနီးပါး အနားယူရမည်
Donate to DVB

မန်စီးတီးဂိုးသမားအီဒါဆန်ဟာ ပေါင်ခြံဒဏ်ရာကြောင့် တလနီးပါးအနားယူရတော့မှာပါ။

လီဗာပူးအသင်းနဲ့ တဂိုးစီသရေကျခဲ့တဲ့ပွဲစဉ်မှာ ပေါင်ကြွက်သားဒဏ်ရာရခဲ့လို့ ဒုတိယပိုင်းပွဲချိန် ၅၆ မိနစ်မှာ လူစားလဲခဲ့ရပါတယ်။

အီဒါဆန်ဟာ ဒဏ်ရာကြောင့် ဘရာဇီးအသင်းလူစာရင်းကနေ နုတ်ထွက်ခဲ့ရသလို မန်စီးတီးအသင်းရဲ့ ပွဲစဉ် ၃ ပွဲလောက်ကိုလည်း လွဲချော်ဖို့ရှိပါတယ်။

အက်ဖ်အေဖလားကွာတားဖိုင်နယ်ပွဲစဉ်ဖြစ်တဲ့ နယူးကာဆယ်အသင်းနဲ့ ပွဲစဉ်အပါအဝင် ချန်ပီယံဆုအတွက် အရေးပါတဲ့ပွဲစဉ်ဖြစ်တဲ့  အာဆင်နယ်အသင်းနဲ့ပွဲစဉ်ကိုလည်း လွဲချော်ဖို့ ရှိပါတယ်။

အီဒါဆန်အနေနဲ့ ဧပြီ ၄ ရက်မှာကစားရမယ့် ဗီလာနဲ့ပွဲစဉ်ကိုလည်း လွဲချော်ဖို့ရှိပြီး အဲဒီနောက်ပိုင်းမှ ပြန်လည်ကစားနိုင်မှာပါ။ သူ့နေရာမှာ ဂျာမနီဂိုးသမား အော်တီဂါက အစားထိုးတာဝန်ယူသွားမှာ ဖြစ်ပါတယ်။

Photo-Reuters

Support DVB
Live
DVB Donate၂၀၂၅ စစ်အာဏာရှင်ရွေးကောက်ပွဲ ရလဒ်များ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013