DVB Logo
Home
အားကစား
ရီးရဲလ်မက်ဒရစ်အသင်း၏ အပြောင်းအရွှေ့မူဝါဒတွေအပေါ် အွန်နရီ ချီးကျူး
DVB
·
March 9, 2024
ရီးရဲလ်မက်ဒရစ်အသင်း၏ အပြောင်းအရွှေ့မူဝါဒတွေအပေါ် အွန်နရီ ချီးကျူး
Donate to DVB

ရီးရဲလ်မက်ဒရစ်အသင်းရဲ့အပြောင်းအရွှေ့မူဝါဒတွေအပေါ် အာဆင်နယ်နဲ့ ဘာစီလိုနာ ကစားသမားဟောင်း အွန်နရီက ချီးကျူးသွားပါတယ်။

မက်ဒရစ်အသင်းဟာ အကောင်းဆုံးအချိန်ရောက်ရှိနေဆဲ ကစားသမားတွေကို ရောင်းချဖူးတဲ့အစဉ်အလာရှိပြီး အသင်းကို လူငယ်ကြယ်ပွင့် ကစားသမားတွေနဲ့ အစားထိုးခဲ့တာပါ။

အသက်အရွယ်ရလာပေမဲ့ ခြေစွမ်းပြနေဆဲကစားသမားတွေကို ရောင်းချခဲ့တဲ့ မက်ဒရစ်ရဲ့ မူဝါဒဟာ အမှန်တကယ်ချီးကျူးသင့်ကြောင်း အွန်နရီက ပြောပါတယ်။

စီရော်နယ်ဒို၊  အိုဇေးလ်၊ ကတ်စမီရို၊ ဗာရန်းအစရှိတဲ့ ကစားသမားတွေကို ရောင်းချမှုမှာ မက်ဒရစ်အတွက် အကျိုးများခဲ့ပြီး အလားအလာရှိတဲ့ လူငယ်တွေနဲ့ ပြန်လည် အစားထိုးခဲ့ကြောင်းအွန်နရီကပြော ပါတယ်။

လက်ရှိအသင်းမှာ အမ်ဘာပေကိုသာ ခေါ်ယူလိုက်မယ်ဆိုရင် ရီးရဲလ်မက်ဒရစ်အသင်းဟာ ဥရောပကို ၆ နှစ် ၇ နှစ်လောက် စိုးမိုးသွားနိုင်ကြောင်း အွန်နရီက ချီးကျူးသွားပါတယ်။ 

Photo-Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013