DVB Logo
Home
မြန်မာသတင်း
မြန်မာ့အရေးဆွေးနွေးပွဲ ထိုင်းနိုင်ငံခြားရေးဝန်ကြီး မတက်ရောက်ဖြစ်
DVB
·
March 2, 2024
မြန်မာ့အရေးဆွေးနွေးပွဲ ထိုင်းနိုင်ငံခြားရေးဝန်ကြီး မတက်ရောက်ဖြစ်
Donate to DVB

ထိုင်းနိုင်ငံမှာ ကျင်းပတဲ့  မြန်မာ့အရေးဆွေးနွေးပွဲကို ထိုင်းနိုင်ငံခြားရေးဝန်ကြီးနဲ့ ထိုင်းစစ်တပ်ကိုယ်စားလှယ်တချို့ အစီအစဉ်အတိုင်း မတက်ရောက်ဖြစ်ခဲ့ဘူးလို့ သိရပါတယ်။

ထိုင်းနိုင်ငံမှာ ၂ ရက်ကြာပြုလုပ်နေတဲ့ မြန်မာ့အရေးဆွေးနွေးပွဲကို မူလက ထိုင်းနိုင်ငံခြားရေး ဝန်ကြီးနဲ့ ထိုင်းစစ်တပ်တာဝန်ရှိသူတချို့ တက်ရောက်မယ်လို့ သတင်းထုတ်ပြန်ထားပေမယ့် နောက်ဆုံးရတဲ့သတင်းတွေအရ တက်ရောက်ဖို့ အစီအစဉ် ပျက်သွားခဲ့ပါတယ်။  

ဒါနဲ့ပတ်သက်လို့  Anti Dictatorship in Burma - DC Metro Area အဖွဲ့မှ "ဒီမိုကရေစီလမ်းကြောင်းကို ဘယ်လိုသွားကြမလဲ။ ပြီးရင် နယ်စပ်လုံခြုံရေး နယ်စပ်တွေကို ခြိမ်းခြောက်လာတဲ့ ကိစ္စတွေကို ဘယ်လိုလုပ်ကြမလဲဆိုတာတွေနဲ့ပတ်သက်ပြီး ထိုင်းနိုင်ငံမှာ လုပ်မယ့်ကွန်းဖရန့်နဲ့ပတ်သက်ပြီး ကျနော်တို့ကြားထားတဲ့သတင်းကတော့ ပထမတော့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးရော ထိုင်းစစ်တပ်က တာဝန်ရှိသူတွေရော NUG က အင်အားစုတွေရော ဆွေးနွေးကြမယ်တိုင်ပင်ကြမယ်ကြားတယ်။ ဒါပေမဲ့ နောက်ဆုံး မနေ့က ကြားတဲ့သတင်းကတော့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးကတော့ လာဖို့ ပျက်သွားတယ်ပေါ့နော်။ နောက် ထိုင်းစစ်တပ်က အရာရှိတွေတချို့လည်း မလာနိုင်ဘူးကြားရတယ်။ အဲ့လိုအနေအထားမှာ အခြေအနေ အပြောင်းအလဲတခုတော့ ရှိနေတယ်လို့ မြင်ရတယ်။ ထိုင်းနိုင်ငံရဲ့ ယဉ်ကျေးမှုပေါ့နော်။ သူတို့က ထင်ထင်ရှားရှား ပေါ်ပေါ်တင်တင် ကမ္ဘာ့အလယ်မှာ ဖိအားပေးခံရတာမျိုး၊ လွတ်လွတ်လပ်လပ် ပွင့်လင်းမြင်သာစွာ ဆွေးနွေးတာမျိုးလက်မခံဘူး။ ဒါက ထိုင်းနိုင်ငံမှမဟုတ်ဘူး၊ အာဆီယံတော်တော်များများ အဲ့ဒီလိုဖြစ်နေကြတာပေါ့နော်။ ထိုင်းအစိုးရအနေနဲ့ ပုံသဏ္ဠာန်တခု ပြောင်းလဲသွားတယ်လို့ ကျနော်မြင်တယ်။ ဒါပေမယ့်‌ သေချာတာက သူတို့အနေနဲ့ သူတို့လုပ်ချင်တဲ့ အကြံအစည်ကိုဆက်ပြီးတော့ အကောင်အထည်ဖော်ဖို့ မဖြစ်တော့ဘူးဆိုတာ သဘောပေါက်နေတယ်ဆိုတဲ့သဘော သတ်မှတ်လို့ရပါတယ်" လို့ သုံးသပ်ပါတယ်။

ထိုင်းနိုင်ငံမှာ ပြုလုပ်နေတဲ့ “မြန်မာနဲ့ မြန်မာရဲ့ ထိုင်းနယ်စပ်အပေါ် လုံခြုံရေးအရ သက်ရောက်မှု” ခေါင်းစဉ်နဲ့ ဆွေးနွေးပွဲမှာ ထိုင်းတာဝန်ရှိသူအချို့၊ ထိုင်းလွှတ်တော် ခေါင်းဆောင်တွေ၊ NUG နိုင်ငံခြားရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံဆိုင်ရာ ကုလအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း၊ ကုလအပါအဝင် နိုင်ငံတကာ အဖွဲ့အစည်းကိုယ်စားလှယ်တွေ၊ ပညာရှင်တွေ၊  မြန်မာပြည်တွင်း တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ၊ အရပ်ဘက်အဖွဲ့အစည်းတွေ ပါဝင်ဆွေးနွေးနေကြတာပါ။ 

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၂ ရက်က အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကန်နဲ့ ထိုင်းနိုင်ငံခြားရေးဝန်ကြီး ပမ်ပရီဘဟိဒါနုကာရတို့ ဝါရှင်တန်ဒီစီမှာ တွေ့ဆုံပြီး တွေ့ဆုံခဲ့ပြီးနောက် အခု ဆွေးနွေးပွဲ ဖြစ်ပေါ်လာတာပါ။

မတ် ၂ ရက်နဲ့ ၃ ရက် နှစ်ရက်ကြာပြုလုပ်မယ့် ဒီဆွေးနွေးပွဲမှာ မြန်မာ့ဒီမိုကရေစီအရေးနဲ့ နယ်စပ်ရေးရာ ပြဿနာတွေကို ဦးတည်ဆွေးနွေးနေတာဖြစ်ပြီး စစ်ကောင်စီထက်သာလွန်ပြီး အမျိုးသားညီညွတ်ရေးအစိုးရက သံတမန်ရေးရာအရ အသာစီးယူနိုင်တဲ့ အခြေအနေဖြစ်လာတာကို တွေ့ရပါတယ်။

ဇေယျာချမ်းအေး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013