DVB Logo
Home
နိုင်ငံတကာ
နာဗယ်လ်ညီ၏ လျှို့ဝှက်ဈာပနကို သဘောမတူဟု မိခင် ပြော
DVB
·
February 24, 2024
နာဗယ်လ်ညီ၏ လျှို့ဝှက်ဈာပနကို သဘောမတူဟု မိခင် ပြော
Donate to DVB

ရုရှားရဲ့ ထင်ရှားကျော်ကြားတဲ့ အတိုက်အခံ နိုင်ငံရေးသမား အသက် ၄၇ နှစ်အရွယ် အလက်ဇီ နာဗယ်လ်ညီရဲ့ သေဆုံးမှုအတွက် လျှို့ဝှက်ဈာပန လုပ်ဖို့ ရုရှားစုံစမ်းစစ်ဆေးရေးမှူးတွေက စီစဉ် နေကြောင်း နာဗယ်လ်ညီရဲ့ မိခင် လျုဒ်မီလာက ဖေဖော်ဝါရီ ၂၂ ရက်မှာ စွပ်စွဲပြောဆိုလိုက်ပြီး ဒါကို သဘောတူမှာ မဟုတ်ဘူးလို့လည်း ပြောကြားခဲ့ပါတယ်။

“သူတို့က လျှို့လျှို့ဝှက်ဝှက် တိတ်တိတ်ဆိတ်ဆိတ် ဖြစ်စေချင်ပြီးတော့ အောက်မေ့ဖွယ် အခမ်းအနားလည်း မလုပ်စေချင်ဘူး။ သူတို့က သုသာန်အစွန်ပိုင်းက လတ်လတ်ဆတ်ဆတ် သင်္ချိုင်းတခုကို ခေါ်သွားပြီးတော့ ဒီမှာ ခင်ဗျားရဲ့သား လဲလျောင်းနေတယ် ဆိုတာမျိုး ပြောချင်တာ၊ ဒါကို ငါသဘောမတူဘူး”လို့ ယူကျုဘ် ဗီဒီယိုတခုထဲမှာ လျုဒ်မီလာက ပြောပါတယ်။

ကျမမျက်လုံးတွေကို ကြည့်ပြီးတော့ စုံစမ်းစစ်ဆေးရေးမှူးက လျှို့ဝှက်အသုဘအခမ်းအနားလုပ်ဖို့ သဘောမတူရင် ကျမသားရဲ့အလောင်းကို သူတို့ တစ်ခုခုလုပ်မယ်လို့ ပြောကြောင်းလည်း နာဗာလ်နီရဲ့ မိခင် လျုဒ်မီလာက ပြောပါတယ်။ 

“ဥပဒေအရတော့ အလက်ဇီရဲ့ အလောင်းကို ချက်ချင်း ပေးသင့်တယ်၊ ဒါပေမယ့် မပေးကြဘူး။ အဲဒီအစား ခြိမ်းခြောက်ပြောဆိုပြီးတော့ အလက်ဇီကို ဘယ်နေရာ၊ ဘယ်အချိန်မှာ ဘယ်လို သင်္ဂြိုဟ်ရမလဲဆိုတဲ့ အခြေအနေတွေ ပေးတယ်။ ဒါက တရားမဝင်ဘူး။ သူတို့က ကရင်မလင်က ဒါမှမဟုတ် စုံစမ်းစစ်ဆေးရေးကော်မတီ ဗဟိုရုံးမှ အမိန့်တွေကို လက်ခံရရှိထားလို့ဖြစ်မယ်”ဆိုပြီး လျုဒ်မီလာက ပြောဆိုပါတယ်။ 

စစ်ဆေးရေးမှူး ဗိုရိုပါယဗ်ကတော့ အချိန်မရတော့ဘူး၊ အလောင်းပျက်စီးသွားပြီလို့ ပွင့်ပွင့်လင်းလင်း ပြောခဲ့တယ်လို့လည်း လျုဒ်မီလာက ပြောပါတယ်။ 

သေဆုံးသူ နာဗယ်လ်ညီရဲ့ မိခင် လျုဒ်မီလာ နာဗယ်လ် နာယာကတော့ သူ့သားအလောင်းကို နောက်ဆုံး တွေ့မြင်ခွင့်ရအောင် လွှဲပေးဖို့ ရုရှားသမ္မတ ဗလာဒီမီယာ ပူတင်ကို ဗီဒီယို မက်ဆေ့ချ်ထဲမှာ တောင်းဆိုခဲ့ပါတယ်။ 

ရုရှားစုံစမ်းစစ်ဆေးရေးမှူးတွေဆီက ချက်ချင်းတုံ့ပြန်မှု မရှိခဲ့ပါဘူ။ နာဗယ်လ်ညီရဲ့ အလောင်းနဲ့ သေဆုံးကြောင်း လက်မှတ်ကို မိခင်ဖြစ်သူ လျုဒ်မီလာကို ပြသခဲ့ပြီး နာဗာလ်နီဟာ သဘာဝ အကြောင်းတရားကြောင့် သေဆုံးခဲ့ရကြောင်း သေစာရင်းထဲမှာ ဖော်ပြထားတယ်လို့ နာဗယ်လ်ညီ ရဲ့အဖွဲ့မှ ပြောပါတယ်။ 

နာဗယ်လ်ညီရဲ့ သေဆုံးမှုဟာ ကရင်မလင်က သူ့ကို သတ်ခဲ့တယ်လို့ သူ့အဖွဲ့နဲ့ မိသားစုက စွပ်စွဲထားပြီး ကရင်မလင်က ဒေါသတကြီး ပယ်ချခဲ့ပါတယ်။ 

Source/Photo - Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013