DVB Logo
Home
နိုင်ငံတကာ
မွတ်ဆလင်မိသားစုကို ကားဖြင့်တိုက်သတ်ခဲ့သည့် ကနေဒါနိုင်ငံသား ၁ ဦး ထောင်ဒဏ်တသက် ချမှတ်ခံရ
DVB
·
February 23, 2024
မွတ်ဆလင်မိသားစုကို ကားဖြင့်တိုက်သတ်ခဲ့သည့် ကနေဒါနိုင်ငံသား ၁ ဦး ထောင်ဒဏ်တသက် ချမှတ်ခံရ
Donate to DVB

၂၀၂၁ ခုနှစ်တုန်းက မွတ်ဆလင်မိသားစု ၄ ယောက်ကို သူ့ရဲ့ပစ်ကပ်ထရပ်ကားနဲ့ တမင်တကာ ပြေးတိုက် သတ်ပစ်ခဲ့ကြောင်း ကိုယ်တိုင်ဝန်ခံခဲ့တဲ့ ကနေဒါလူမျိုး လူဖြူအမျိုးသားရေးဝါဒီ တယောက်ကို ဖေဖော်ဝါရီ ၂၂ ရက်က တသက်တကျွန်းပြစ်ဒဏ် ချမှတ်ခံရပြီး ၂၅ နှစ်ကြာ ကာလအတွင်း လွတ်ငြိမ်းချမ်းသာခွင့်လည်း မရှိပါဘူး။

ကနေဒါနိုင်ငံကို ထိတ်လန့်တုန်လှုပ်စေခဲ့တဲ့ တိုက်ခိုက်မှုအတွက် အသက် ၂၃ နှစ်ရှိ နာသာနီဘလ် ဗဲ့လ်ထ်မန်းကို ပြီးခဲ့တဲ့ နိုဝင်ဘာလမှာ ပထမအဆင့် လူသတ်မှုအတွက် အပြစ်ရှိကြောင်း တွေ့ရှိခဲ့ပါတယ်။

ဗဲ့လ်ထ်မန်းရဲ့ တိုက်ခိုက်မှုဟာ လူဖြူအမျိုးသားရေး အကြမ်းဖက်မှုကို ကိုယ်စားပြုတယ်လို့ ဒီအမှုရဲ့ တရားသူကြီးက ပြောပါတယ်။

ဗဲ့လ်ထ်မန်းဟာ ၂၀၂၁ ခုနှစ် ဇွန်လက အွန်တာရီယိုပြည်နယ်၊ လန်ဒန်မြို့မှာ ညနေခင်း လမ်းလျှောက်ထွက်ကြတဲ့ ပါကစ္စတန်ဇာတိဖွား မိသားစု ၅ ဦးဆီကို ကားနဲ့မောင်းဝင်ပြီး တိုက်သတ်ခဲ့တာပါ။

တိုက်ခိုက်မှုအတွင်းမှာ ဇနီးမောင်နှံ ၂ ဦးနဲ့ မြေးအဘွား ၂ ဦးတို့ သေဆုံးသွားပြီး အငယ်ဆုံး မိသားစုဝင် ၉ နှစ်အရွယ် သားဖြစ်သူက ဒဏ်ရာအပြင်းအထန် ရခဲ့ပါတယ်။

တိုက်ခိုက်မှုဖြစ်ပြီးပြီးချင်းမှာပဲ ဗဲ့လ်ထ်မန်းက သူကျူးလွန်ကြောင်း ဝန်ခံခဲ့ပေမဲ့ လူသတ်မှုစွဲချက်တွေအတွက် သူ့မှာအပြစ်မရှိကြောင်း လျှောက်လဲခဲ့ပါတယ်။

သူ့ရှေ့နေကလည်း ဗဲ့လ်မန်းရဲ့ စိတ်ပိုင်းဆိုင်ရာ စိန်ခေါ်မှုတွေကို ကိုးကားပြီး သူ့လုပ်ရပ်တွေဟာ လူသတ်မှုစွဲချက်တွေလောက် မပြင်းထန်ကြောင်း ခုခံပြောဆိုခဲ့ပါတယ်။

ဒါပေမဲ့ ဒီအမှုကို ဦးဆောင်နေတဲ့ တရားသူကြီး ရီနီးပိုးမရန့်စ်ကတော့ သဘောမတူဘဲ ပြစ်မှုကျူးလွန်သူရဲ့ လုပ်ရပ်ဟာ အကြမ်းဖက်လုပ်ရပ်လို့ ရှုမြင်ကြောင်း ပြောကြားခဲ့ပါတယ်။

ဗဲ့လ်ထ်မန်း ရေးသားထားတဲ့ “A White Awakening” ဆိုတဲ့ စာတမ်းဟာ အစ္စလာမ်ကို မုန်းတီးခြင်းနဲ့ အစုလိုက်အပြုံလိုက် လူဝင်ရောက်မှုနဲ့ ယဉ်ကျေးမှုပေါင်းစုံကို ဆန့်ကျင်ကြောင်း ဖော်ပြခဲ့တယ်လို့ အစိုးရရှေ့နေတွေက မှတ်ချက်ပြုထားပါတယ်။

Source/Photo-Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013